Monday, September 8, 2008

နှစ်ဆယ်လွန်လူသား အချစ်

နှစ်ဆယ်လွန်လူသား
အချစ်ဟာစာတင်လောက်အောင်
မခမ်းနားခဲ့ပါဘူး
နားထောင်တက်တဲ့နားတစ်စုံရယ်
ပြောတက်ဆိုတက်တဲ့ပါးစပ်တစ်ပေါက်ရယ်
ငြိမ့်တက်တဲ့ခေါင်းတစ်လုံးရယ်
ဒီလောက်ပါပဲ
ပျော်ရွှင်ကြည်နူးမှုကို
ဝယ်ယူတဲ့အခါ
သစ္စတရားဟာချောင်ထဲမှာ
မပျော်လည်းအိပ်၊ပျော်လည်းအိပ်
တိတ်တိတ်ဆိတ်ဆိတ်ပဲ။
နေမုန်း


0 ခု ---- သူတို့အမြင်:

Post a Comment