Monday, September 8, 2008

ဝါးလုံးသိမ်းကဗျာ

Summary
တစ်နှစ်ပြည့်ပေမဲ့
အချစ်သစ်မတွေ့တဲ့
မြန်မာပြည် ဝမ်းနည်းဖွယ်ကောင်းလှသည်။
ရှိတာတွေလဲကုန်ပါပြီ
လမ်းပေါင်းလည်းစုံပါပြီ
အကောင်းတစ်ခုရွေးပြောရရင်
တော်တော်များများနိုင်ငံခြားကိုရောက်ကုန်သည်။
စေ့စေ့တွေးမှရေးရေးပေါ်
လူလုပ်ရောင်းသည်နော်။
မဗေဒါကအံခဲ
ရွှေဘကတော့ပန်းပန်လျှက်ပဲ။
အတ္တကိုရှေ့တန်းပို့
ရွှေဘနဲ့ပူးပေါင်းလို့။
တစ်ကိုယ်ကောင်းဆန်စွာလွတ်လမ်းရှာ
အပြင်ကိုထွက်ရမှာ
project ဆန်စွာအလုပ်လုပ်
အဲ့ဒါဟုတ်တယ်ဟုတ်။
လူငယ်တွေကစီးပွားရှာ
တော်ကြပါပေတာ
၁၊၂၊၃၊၄တစ်ခုမှမလွတ်
ကောင်းကင်တစ်မွတ်ကြယ်ကိုဆွတ်
ကောင်းရောင်းကောင်းဝယ်လုပ်စားမယ်
ဆိုက်ကားနင်းပါကွယ်။
အမှန်ကိုသာတည့်တည့်ပြောတော့
ကလေးစကား၊အရူးလား
ဇာဂနာကြီးလည်းထောင်ထဲသွား
တရုတ်ကားထဲကစကားခဏဌားပါ
အဘိုးစိတ်မအေးနိုင်သေးပါ
တို့အရွယ်လူငယ်များ
ညီတူလှမ်းစို့လား
အကြောက်တရားကိုရင်မှာပိုက်
ငါကတော့နောက်လိုက်
ပွဲကောင်းတော့မှဝင်ကမယ်
ငါကစာတက်တယ်။
ဒီစိတ်တွေဖယ်ကာထုတ်
လုပ်သင့်တာကိုလုပ်။
နိုင်ငံကျော်တဲ့အမှုမှာ
တရားခံမပေါ်ပါ
လူမသိတဲ့ရှင်ဂမ္ဘီ
သူတို့ရအောင်ဖမ်းနိုင်သည်။
နာဂစ်ဆိုတာလာတော့မည်
သူတို့ကတော့ကြိုပြေးသည်။
ဧရာဝတီမှာလောင်းတွေစီလို့
ငတ်တာပြတ်တာသူအလုပ်မဟုတ်
စိတ်ထားခပ်ပုပ်ပုပ်။
အလကားရတာကိုတောင်မပေးတာ
ကိုရွှေဘကြီးပါ။
တကယ်လုပ်တဲ့ဇော်သက်ထွေး
ဖမ်းခံရတယ်လေး။
လွတ်ကျသွားတဲ့မြို့တော်ဟာ
ဘာကြောင့်အဖမ်းခံရမှာ။
ACIDလည်းကုန်ပါပြီ
အနဂ္ဂသာကျန်တော့သည်။
အားမလျှော့နဲ့ရောက်လုပြီ
ငါတို့အလှည့်လာတော့မည်
blogsopt ကိုပိတ်ထားပြီး
blogger day တော့လုပ်ပါ၏
ရှေ့နောက်မညီလုပ်ချင်တာလုပ်
ရွှေဘကတော့ဘယ်တော့မှမပြုတ်။
စနစ်ကောင်းဖို့ကြိုးစားမယ်
မင်းလိုက်ခဲ့ပါကွယ်။
နေမုန်း


Rest of your post

0 ခု ---- သူတို့အမြင်:

Post a Comment