Summary
ဆန်းစစ်ချက်
ဆန္ဒတွေခပ်ကျဲကျဲ အရည်ပျော်ကျ
အလွမ်းဆိုတာဝိုင်ဖေါက်လို့ရရင်
ဘယ်လောက်ကောင်းမလဲ ။။
ဖြေလျော့ဖို့မောင်းတင်ရင်း
လောကမှာမနေတက်သေးဘူး။။
တစ်ရွာပြောင်းပေမဲ့သူကောင်းမဖြစ်တဲ့
ငါ့နှလုံးသားက
နဂိုအတိုင်းပဲ ။။
စနေဂြိုလ်ရဲ့အထိန်းအကွပ်ကြောင့်လား
လမ်းပျော်တဲ့စရိုက်ကြောင့်လား
ငါ တေလေတော့ဖြစ်ခဲ့တယ်
အဖြေလွှာတွေစံသွေနေလား
ကမ္ဘာအစောင်းကြီးနဲ့ထောင့်မှန်ကျဖို့
မကြိုးစားမိခဲ့ဘူး။။
အမေငါကိုချစ်နေတုန်းပဲ.....
ခြေလှမ်းအစတွေမြေကျတာသေချာတယ်။
ဖမ်းကိုင်စရာတော့မရှိခဲ့ဘူး။။
ဒီလိုနဲ့ပဲ
အပျက်ပျက်နဲ့  တစ်ခန်းရပ်တဲ့ဇတ်
ငါအလံဖြူကိုင်ရင်း
ငြိမ်သက်.........
အဖေပြောတယ်
'နောင်တဆိုတာထမင်းစားသလို
ခဏခဏစားကောင်းတာမဟုတ်ဘူး'
နေမုန်း
Rest of your post
Wednesday, August 27, 2008
Subscribe to:
Post Comments (Atom)
1 ခု ---- သူတို့အမြင်:
“နောင်တဆိုတာ ထမင်းစားသလို
ခဏခဏစားကောင်းတာ မဟုတ်ဘူး” တဲ့။ ကောင်းလိုက်တဲ့ စကားနော်။ ကဗျာကောင်းလေးအတွက် ကျေးဇူးတင်ပါတယ် မောင်လေးရေ...
Post a Comment