Monday, September 15, 2008

မဟောင်းတဲ့သံစဉ်

Summary

ကောင်မလေးရေ……..

ဟော့ဒီရင်ဟာအလွမ်းသက်သက်နဲ့ပဲ

ထုဆစ်ထားခဲ့တာ

နှစ်ပေါင်းမနည်းတော့ဘူး။

နေ့စွဲအတိအကျနဲ့ဆောက်ချက်လွန်သွားတဲ့

ဘယ်ဖက်ရင်အုံထဲကနှလုံးသားကို

နှင်းဆီတွေရဲ့ဝိညာဉ်နဲ့အသက်သွင်း

ကဗျာဆန်ဆန်ပဲပေါ့။

ချစ်ခြင်းကိုဆာလောင်တယ်။

စကားလုံးတွေမပါတဲ့နားလည်မှုကို

သိခွင့်ရချင်တယ်ကွယ်။

မျက်လုံးချင်းဆုံရင်ခုန်သံကိုနားထောင်

အချစ်တက်ဆုံး ဆိုတဲ့သူတွေတောင်

မနာလိုဖြစ်သွားရလောက်အောင်ပေါ့။

တည်ငြိမ်တဲ့သံစဉ်တွေနဲ့ရင်ခုန်သံဟာ

ဘယ်တော့မှမဟောင်းဘူး အချစ်ရယ်။

နေမုန်း



Rest of your post

0 ခု ---- သူတို့အမြင်:

Post a Comment