Monday, September 15, 2008

မိန်းကလေးသို့ပေးစာ


သို့

ကျွန်ုပ်၏လက်မောင်းပိန်ပိန်နှစ်ဖက်သည်သင့်အတွက်ဆွဲဆိတ်စရာအဖြစ်လည်းကောင်း

ရံဖန်ရံခါတွင်မှိတွယ်စရာအဖြစ်လည်းကောင်း၊bus ကားစီးသောအခါတွင်လက်ကိုင်တန်းအဖြစ်

လည်းကောင်းကောင်းမွန်စွာအသုံးတော်ခံနိုင်ရန်အသင့်ရှိပါပြီ။

အကျွန်ုပ်၏နားရွက်နှစ်ဖက်သည်ပြောသမျှနားထောင်ရန်အတွက်လည်းကောင်း၊တခါတရံတွင်

မနာတနာဆွဲစရာအဖြစ်လည်းကောင်း၊တခါတရံတွင်ကြည်စယ်ရာအဖြစ်လည်းကောင်း၊

အသုံးတော်ခံရန်အသင့်ရှိပါပြီ။

ကျွန်ုပ်၏ပါးစပ်တစ်ပေါက်သည်စကားလုံးလှလှများဖြင့်ချီးမွမ်းရန်အတွက်လည်းကောင်း

စိတ်ကောက်တော်မူသောအခါတွင်ခိုင်လုံသောအကြောင်းပြချက်များပေးတက်ချော့တက်ရန်

အတွက်လည်းကောင်း၊စိတ်ညစ်ညူးပင်ပန်းသောအခါတွင်နှစ်လိုဖွယ်အားပေနှစ်သိမ့်တက်ရန်

အတွက်လည်းကောင်းအသုံးတော်ခံရန်အသင့်ရှိပါပြီ။

အခြားသောအစိတ်အပိုင်းများမှလည်းသင့်၏အသုံးတော်ခံရန်၊အလုပ်အကျွေးပြုရန်အသင့်ဖြစ်

နေပါသောကြောင့် ကျွန်ုပ်ကိုသင့်၏ရည်းစားဖြစ်ခွင့်ပေးသနားတော်မူပါရန်လျှောက်ထားရပါ

သည်။အထက်ပါအချက်အလက်များမှတစ်စုံတစ်ခုလွဲချော်တာဝန်မကျေပွန်ခဲ့သော်

ထုတ်ပယ်ခြင်းကိုကြည်ဖြူစွာလက်ခံပါမည့်အကြောင်းနှင့်အသင့်ထံတွင်

လာရောက်လျှောက်ထားအပ်ပါသည်။

သင့်၏ကြီးကျွန်ဖြစ်ချင်သူ

ဗလံသူရဲကောင်း




1 ခု ---- သူတို့အမြင်:

Dream said...

ဝါးးးး ...ဒီရည်းစားစာ resume form က ဂွတ်တယ်။
ဟဲဟဲ...လန်းတယ်ကွာ.... ဦးဦးနေမုန်း တို့က..
ဟီးဟီး... လျောက်လွှာမြန်မြန်လက်ခံတဲ့
သူနဲ့တွေ့ပါစေ.. :P :P :P

Post a Comment