Summary
တောင်ပေါ်မြို့ကအဆောင်သူရေ
မင်းရဲ့မျက်ဝန်းတွေအောက်အလဲလဲပြိုပြို
မင်းရဲ့အပြုံးတွေအောက်နူးနူးညံ့ညံ့
မင်းရဲ့မျက်စောင်းတွေအောက်ဆာဆာမွတ်မွတ်
ငါရူးသွပ်ခဲ့တာ မင်းသိပါစ။
တောင်ပေါ်မြို့ကအဆောင်သူရေ
မင်းရဲ့မျက်ဝန်းတွေဟာငါစိတ်ရိုင်းတွေ
လဲပြိုဖို့လုံလောက်တယ်။
မင်းအပြုံးတွေဟာ ငါ့ကြမ်းတမ်းမှုတွေ
နူးညံ့ဖို့လုံလောက်တယ်။
မင်းမျက်စောင်းတွေမှာငါမာန်နတွေ
ကျဆုံးဖို့လုံလောက်တယ်။
ငါတစ်ဘဝစာလုံလောက်စွာရူးသွပ်ခဲ့တာ
မင်းသိပါစ။
တောင်ပေါ်မြို့က အဆောင်သူရေ
မင်းရဲ့မျက်ဝန်းတွေကို ငါဆာမွတ်တယ်
မင်းရဲ့အပြုံးတွေကို ငါဆာမွတ်တယ်
မင်းရဲ့မျက်စောင်းတွေကို ငါဆာမွတ်တယ်
မင်းကိုငါသေသေချာချာ ချစ်မိတာ
မင်းသိပါစ။
Rest of your post
Tuesday, August 26, 2008
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment