Summary
untitle
ပါးစပ်ဆိုင်းတီးပြီးကကနေရတာလည်း
ဒီဘဝမှာတက်သင့်တဲ့ပညာ
ငါးပွက်ရာမှာငါးစားကိုလည်း
ချတက်ရမယ်။
အစမကောင်းလို့ ဒီကောင့်အသည်းတွေ
ကွဲကွဲနေရတာဆိုပဲ
ပြောချင်တာတွေပြောကြပါစေတော့
မိန်းကလေးရေ....
ငါယုံတဲ့အချစ်ဆိုတာက ငါရင်မှာ
နှစ်ရှည်များအစိုက် မခံတာလားမှမသိတာ။
ဘာပဲပြောပြော ရူးချင်ယောင်ဆောင်တဲ့
လူတွေပဲများနေတယ်။
ထိုင်စောင့်ရင်တော့လိုချင်တဲ့တန်ဖိုးအစား
သေမင်းပဲလာလိမ့်မယ်။
အခုထပြီးလှမ်းခဲ့တော့
တန်ဖိုးမဲ့တဲ့ အရူးဘဝကိုစွန့်ခဲ့
ရွှေရောင်အနာဂတ်ဟာ
ငါတို့အတွက်မဟုတ်ဘူးဆိုရင်တောင်
နောက်မျိုးဆက်အတွက်။
တာဝန်ဆိုတာယူတက်တဲ့လူတွေအတွက်ပဲဆို
ငါတာဝန်မမဲ့ချင်သလို
နင့်ကိုလည်းတာဝန်မမဲ့စေချင်ဘူး။
ပါးစပ်ဆိုင်နဲ့ကနေတဲ့လူတွေကို
နှိုးလိုက်တော့ မိန်းကလေးရေ.........
နေမုန်း
၁၄.၈.၀၈
Rest of your post
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment