Tuesday, August 26, 2008

ခပ်ဝေးဝေးကိုရွှေ့ပေးမယ်

Summary
ခပ်ဝေးဝေးကိုရွှေ့ပေးမယ်
ပုန်ရှောင်တိုင်းသာငြိမ်းချမ်းမယ်ဆိုရင်
ငါခပ်ဝေးဝေးကိုရွှေ့ပေးမယ်
ဟော့ဒီမှာအိပ်မက်တွေနဲ့
ခဏခဏသေနေတဲ့ကောင်၊
လောကဓံကိုကျောသားရင်သားခွဲ
ထမ်းပိုးစရာကျောနဲ့ပဲလူလုပ်လာတဲ့ကောင်
တစ်ဖက်ကကြည့်တော့
ရင်ခွင်မဲ့သူပေါ့။
အတွေးအသိတိုင်းကိုသာတည်ဆောက်ခဲ့ရင်
ခုချိန်ဆိုအဖြူတစ်ခြမ်းအမည်းတစ်ပိုင်းနဲ့
ငါဟာရဲတိုက်ကြီးဖြစ်နေလောက်ပြီး။
တော်ကြပါစို့
ပုန်းရှောင်တိုင်းသာငြိမ်းချမ်းတယ်ဆိုရင်
အဝေးဆုံးကိုရွှေ့ပေးမယ်။
နေမုန်း


Rest of your post

0 ခု ---- သူတို့အမြင်:

Post a Comment