မနက်ဖြန်ချင်း မနက်ဖြန်ချင်း ပိုင်းပိုင်းပြီး
ဘဝကို ကိုက်စားနေတဲ့ ကောင်နှလုံးသားအပဲ့အရွဲ့တွေ
ပုရွက်ဆိတ် ချကျွေးခဲ့တယ်။
နားလည်ရ အခက်ဆုံးထဲမှာ
ကာလသုံးပါးလည်းပါတယ်။
ဟော့ဒီ
လူတွေအများကြီးထဲမှာ မုဆိုးမဲ့ သားကောင်
လှောင်ရယ်သံတွေ လှောင်ရယ်သံတွေနဲ့
ပိတ်မိနေတဲ့ သားကောင်
အချစ်တွေ အမုန်းတွေ မပါဘူး
ဆိုကရေးတီး ရဲ့ အဆိုအမိန့် မပါဘူး
အန်ဂျလီနာဂျိုလီရဲ့နှုတ်ခမ်းမပါဘူး
ဂီတရဲ့ နူးညွတ်စွာယစ်မူးခြင်းမပါဘူး
ချိုသလို ခါးသလို အလွမ်းတွေမပါဘူး
အေးစက်စက် အတိတ်မေ့ခြင်းတွေမပါဘူး
ကိန်းခန်းကြီးလေလွင့်တဲ့ အတွေး မပါဘူး
ဘာမှန်းမသိတဲ့ လှောင်ရယ်သံတွေနဲ့
ပိတ်မိနေတဲ့သားကောင်
မွန်းကျပ်ပိတ်လှောင်မှုကနေဆွဲထုတ်မဲ့
မျှုားတစ်ချောင်း
ငါကိုယ်ငါ ရက် စက်စွာ
တောင်းတမိတယ်။ Summary
Rest of your post
0 ခု ---- သူတို့အမြင်:
Post a Comment