Friday, July 4, 2008

poem9

အမျှဝေသံတွေ........
အမျှဝေသံတွေ ရွာပျက်မတက်
စီညံနေတာတောင်မှ
ဒီကကောင်
သာဓုခေါ်ဖို့
အင်အားတွေမဲ့နေ
မကျွတ်မလွတ်တဲ့ ဘဝမှာ
ကြားနေရတဲ့ နားတွေကိုက
ဝဋ် ဒုက္ခပေါ့။
ပုဒ်မ တပ်မရတဲ့ အမှုတွေမှာ
ငါက တရားလို။
ဘဝတွေကိုလှန်လိုက်မှေက်လိုက်
လုပ်တက်တဲ့လောကဓံ
သူက တရားခံပေါ့။
နှောင်ကြိုးပေါင်းစုံနဲ့ ထုံးဖွဲ့ထားတဲ့
ငါ ဘဝ
အင်အားမဲ့ဆက်ရပ်နေဦးမယ်။
အင်အားမဲ့ရပ်တည်ခြင်း

နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment