Friday, July 4, 2008

poem5

နွေ၊နေ၊တိမ်၊ပြောင်းလဲခြင်း
နွေအချိန်ညနေချမ်းကနေညိုညိုတစ်ခြမ်းဆီမှာ
တိမ်တွေဟာရဲရဲတောက်ရွာချလိုက်တော
့ကောင်းကင်တစ်ခုလုံသွေးစွန်းသွားတယ်။
နွေအချိန်ညလယ်ခင်းဆီက
ငွေသော်တာလမင်းဆီမှာ
တိမ်တွေဟာလွင့်နေအောင်ဖွေးပြစ်လိုက်တော့
ကောင်းကင်တစ်ခုလုံအရောင်မဲ့သွားတယ်။
နွေအချိန်အာရုံသောက်က
နေနီနီမာန်ချီထွက်လာတဲ့ဆီမှာ
တိမ်တွေဟာရဲရဲတောက်ရွာချပြန်တော့
့မနက်အသစ်ရံ့ရနံ့ကလည်သွေးစွန်ပြန်တယ်
တိမ်တွေကကောင်းကင်ကိုဖန်တီးသလား
ကောင်းကင်ကတိမ်တွေကိုဖန်တီးသလား
နေမင်းနဲ့လမင်းရဲ့အပြောင်အလဲအောက်ကတိမ်တွေကတော့
ဆန်ဒေးမှာပြာချင်တုန်းပဲ
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment