သံယောဇဉ်ဟာနေ့ပြန်တိုးတိုးသလိုပဲ
ဘေးမဲ့ပေးတယ်ဆိုတာတစ်ဖက်ကပြန်ကြည့်တော့
တာဝန်မယူတော့တာ၊ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိတော့တာပေါ့။
ချစ်တက်လွန်းတဲ့နှလုံးသားကိုမှ ဥပေက္ခ္ခ္ခ္ခာပြုရသလား။
မိမိုးရယ့်
မွေးကတည်းကအချိန်တွေကုန်လာလိုက်တာ
အခု၂၃နှစ်
ဘာဖြစ်ခဲ့ပြီလဲ။
ဘာကြောင့်မေးရတာလဲမိမိုးရယ် ဒီစနစ်ဆိုးမှာဘယ်သူဘာဖြစ်နေလိုလဲ။
အသက်တွေရင့်လာတာနဲ့အတူ
ရုပ်တွေရင့်လာတာနဲ့အတူ
အတွေ့အကြုံ နဲ့ အတွေးအခေါ်တွေရင့်လာအောင်
ကိုယ်ပိုင်သင်ယူမှုနဲ့ပဲနေထိုင်လာခဲ့တာ
ဘယ်လောက်ကြာခဲ့ပြီလဲ။
အဖြေမရှိတဲ့လူကိုမှမေးခွန်းတွေလာမေးရသလား
မိမိုးရယ့်
ဟော့ ဒီဦးဏှောက်မှာမေးခွန်းတွေပဲရှိနေတာ
နင်သိသားနဲ့
နေမုန်း
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment