Wednesday, July 2, 2008

poem2

Untitle 1
ဒီကောင်မှာ
ဒုက္ခတွေခါးစည်းခံနေရတဲ့အထဲ
လာမဲ့ဘေးတော့ပြေးတွေမနေတော့ဘူး
ငြိမ်ငြိမ်လေးရပ်ပြီးခါးစည်းခံမယ်။
ပုန်းရှောင်တိုင်းသာ
ငြိမ်းချမ်းတယ်ဆိုရင်
ငါခပ်ဝေးဝေးကိုရွှေ့ပေးမယ်။
အနိဌာရုံတွေအနိဌာရုံတွေ
ကြောက်ရွံ့ရွံရှာလောက်အောင်
လူမဆန်ကြတော့ဘူး။
ကမ္ဘာကျော်အော့နှလုံးနာစရာပေါ့။
ကံကြွေးဝဋ်ကြွေးဆိုတဲ့အတွေးနဲ့
ဘယ်သူကထပ်ပြီးချွေးသိပ်ချင်သေးတာလဲ။
မျိုးဆက်လိုက်ဆပ်ရမဲ့အကြွေးမဟုတ်တာတော့
သေချာတယ်။
အခြေမဲ့ အနေမဲ့
စားရမဲ့ သောက်ရမဲ့
မိမဲ့ ဘမဲ့
သားမဲ့ သမီးမဲ့
ဆွေမဲ့ မျိုးမဲ့
ယုံကြည်ရာမဲ့ မျှော်လင့်ရာမဲ့
သဘာဝတရားရဲ့မတရားခိုင်းစေမှုအောက်မှာ
အရေခွံခွာခံထားရတဲ့သတ္တ၀ါတစ်ကောင်လို
လည်စင်းခံရုံပဲတဲ့လား။
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment