Wednesday, July 2, 2008

poem 1

အိမ်ကိုပဲပြန်ပို့ပေးတော့....................
ပျော်ရာမှာမနေရရင်
တော်ရာမှာလည်းမနေချင်ဘူး
ငါအိမ်ကိုပဲပြန်ပို့ပေးကြ။
အောင်မြင်မှုအတွက်
အသက်ရှူတိုင်းကောက်ကျစ်ခြင်းတွေ
မျိုမချချင်ဘူး။
ပြုံးတက်ဖို့ကြိုးစားရင်းဟန်ဆောင်ခြင်းတွေပဲ
ငါ့သွေးထဲပျော်ဝင်ခဲ့တယ်။
ဟော့ဒီငါ့ရဲ့ဝိညာဉ်အဖြူဟာလည်း
ငိုကြွေးနေရတယ်။
လူဖြစ်တာစောတယ်ပဲပြောပြော
နောက်ကျတယ်ပဲပြောပြော
ငါ့အိမ်ကိုပဲပြန်ပို့ပေးတော့
ဘာသိဘာသာကုန်ခဲ့တဲ့နေတွေ
ထမင်းအနပ်ပေါင်းစားရင်းဖြတ်သန်းခဲ့တဲ့နေတွေ
နေ့တွေနေ့တွေ
အဆုံးသတ်
ငါ့အိမ်ကိုပဲပြန်ပို့ပေးတော့။
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment