တိမ်တွေပြိုလာတာများ အနီရောင်တွေလွင့်လို့
မိမိုးရေ........
မရေရာမှုတွေကို အဖေါ်လုပ်ပြီး
တိုတွေရဲရင့်လိုက်ကြစို့။
ငါပြောထားတာပဲ
လူတစ်ယောက်နဲ့တသက်လုံး အတူတူနေဖို့မှာ
ချစ်ခြင်းမေတ္တာမပါရင် ငြီးငွေ့ဖို့ကောင်းတယ်။
ဘ၀ရဲ့တိုခြင်းရှည်ခြင်းတွေဟာ
အဓိပ္ပယ်ဖွင့်ဆိုမှုကို ကိုယ်တိုင်ရှာတွေ့ခြင်းမှာ
တိုက်ရိုက်အချိုးကျတယ်။
သတိဆိုတာကြီးကို သတိပြန်ထားနေရတာ
သဘာဝကျတယ်ဆိုရင် နင် ပဲလုပ်တော့။
Digital ခေတ်မှာ
အချက်အလက်မပြည့်စုံမှုကို
နားလည်မပေးနိုင်တောဘူးနော်။
အရှုံးပေးပါတယ်၊မိမိုးရယ်
နင်နဲ့ငါကြားမှာ အနိုင် အရှုံးတွေထက်
ငြိမ်းချမ်းမှုကို ငါပိုလိုချင်တယ်။
အမြင်အကြားအတွက်ကောင်းအောင်
ဘ၀ကိုဖွဲ့စည်းနေရတယ်ဆိုရင်
ဒီကဗျာကိုဆက်မရေးတော့ဘူးဟာ
မယုံကြည်တာတွေကိုစာရင်းပြုစုရင်
လူတွေနဲ့ထိပ်တိုက်တိုးမယ်ဆိုတာကိုသိသိကြီးနဲ့
မိမိုးရယ်....
နင်ပြောထားပေမဲ့
ငါမလုပ်နိုင်သေးဘူး။
နေမုန်း
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment