ဆောက်တည်ရာမဲ့လိုက်တာများ
ခွေးရူးတစ်ကောင်လိုပဲ မည်းမည်းမြင်ရာကို
လိုက်ကိုက်ချင်နေတော့တာလေ.....
ယုံကြည်ချက်တွေ အရိုက်ချိုးခံ လိုက်ရတဲ့
ခံစားမှုက ဘဝပျက်သွားလောက်အောင်
ပြင်းထန်တယ် မိန်းကလေးရဲ့ 
သံသယတွေကို တည်ဆောက်ပေးနေတဲ့
လုပ်ရပ် တွေ ကို အဆုံးသတ်ပြီး
ပြတ်သားလိုက်ပါတော့ကွယ်။
ငါ့ နှလုံးသားက ရှိုက်ထုတ်လိုက်တဲ့
အသံမဲ့ ငိုကြွေးမှုတွေ ကို ထပ်ထပ်ပြီး
ကြည့်မြင်စားသုံးချင်သတဲ့လား မိန်းကလေးရယ်........
ပြင်းထန်လွန်းတယ်။ မနေတက်ဘူး။
ငါက မင်းလာမလားလို့ စောင့်နေမိတယ် မလာတော့ လိုက်ရှာတယ်
မတွေ့တော့ ယုံကြည်ရာမဲ့ ဆောက်တည်ရာမဲ့ ခုန်ပေါက်နေတဲ့
ဟော့ဒီရင်ထဲ က အသံက အသံမဲ့.....
မင်းမကြားနိုင်တော့တဲ့ အသံမဲ့
မင်းမကြားချင်တော့တဲ့ အသံမဲ့
မင်းမလိုချင်တော့ တဲ့ အသံမဲ့
အနိုင် အရှုံး အမှား အမှန် တွေထက်
ငါ တို့ ခံစားချက်တွေ ကွာဝေးကုန်ပြီး
ငါကတော့ လိုက်လေ မောလေ....
မောလေ အောင်ခေါ်လေ
မင်းကတော့ နားပိတ်ပြီးပြေးတယ်
ငါကတော့ ရင်ဖွင့်ပြီးလိုက်တယ်
အစွမ်းကုန် အော် ခေါ် ရင်းနဲ့ပေါ့
မင်းကြားမလားလို့ မျှော်လင့်ရင်းလေ..............
ငါကတော ဟောင်းလောင်းပေါက် ရင်ဘတ်နဲ့
မင်းကတော့ ဟောင်းလောက်ပေါက် နားတွေနဲ့
ငါတို့ကြားနိုင်စွမ်းက ငါတို့ ကြားမှာ
မရှိတော့ဘူးလား မိန်းကလေးရေ.......
မင်း မကြားတော့ ဘူးလား ငါရင်ဘတ်ထဲ က အသံ မဲ့ အသံကိုလေ။
နေမုန်း
Sunday, August 15, 2010
နောင်တ မရ ချင်ဘူး မိန်းကလေး။ ။
ဆုံးရှုံးခြင်းတွေကြောင့် ဆောက်တည်ရာမဲ့
ဖြစ်ကုန်တာတဲ့လား နေမုန်း ရယ်...
သနားစရာ ကောင်းလေစွ
ဘယ်တုန်းက ပိုင်ဆိုင်ဖူးခဲ့လို့လဲ
အခိုက်တန့်လေး တစ်ချက်ကို ဘဝ ဖြစ်အောင်
ဆွဲဆွဲ ယူရင်း မျှော်လင့် ခြင်းတွေရဲ့
ပရမ်းပတာ ဖြစ်ခြင်း ကို ဆုံးရှုံးမှု ရဲ့
ပြယုဂ် အဖြစ် ဘယ်လောက်ကြာကြာ
ဆွဲ ကိုင်ပြနေမှာလဲ နေမုန်း။
အဆုံးသတ်ကြပါစို့ကွယ် မိန်းကလေးရေ....
မင်းလည်းမင်းလမ်း မင်းလျှောက် မင်းမျှော်လင့် တာ
မင်း ရင်ခုန်ပေါ့။
ငါလည်း ငါလမ်းငါလျှောက် ငါမျှော်လင့်တာ
ငါ ရင်ခုန်ပေါ့။
စာချုပ်မပါတဲ့ ကျင့်ဝတ်တွေ
စာချုပ် မပါတဲ့သဘောတူညီမှုတွေကို
ဖေါက်ဖျက်တာက လူဘဝ မှာ တခါတလေ
အတ္တ နဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူးလေ......
သိပ် အရှက်ကြီးလွန်တဲ့ ငါ က သာ ရှက်တတ် တာပါ။
ငါ က သာ သိပ် တန်ဖိုးထားလွန်းတာပါ။
အတွေ့ အကြုံ ကြီးပြင်းမှု ပါတ်ဝန်းကျင်ရဲ့ ပုံသွင်းမှု ကို
အပစ်မတင်ချင်ပေမဲ့
ငါ ဟာ မင်း ကို လူလာမြောက်စေချင်တယ်
ငါစေတနာ နဲ့ ငါ မေတ္တာ မင်း အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ် စေတာတဲ့လား။
ငါ အမှတ်မှားခဲ့ အသင်မှားခဲ့တဲ့ ငါ့နဲ့ မင်းကြား က
ရင်ခုန်သံအတွက် ငါ ဘယ်တော့မှ

Wednesday, April 7, 2010
တုံပြန်ခြင်းသက်သက်သာ
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့
စာရိတ္တတွေကအခုတော့
ကိုယ်ကျင့်တရားကင်ဆာဖြစ်ကုန်ပြီး
ထောက်ပံ့တည်ဆောက်မဲ့
မဏ္ဍိုင်တွေ ရိုက်ချိုး
"ငါ" တန် ခိုး အာဏာ စိုးမိုးဖို့ လွှမ်းမိုးခံရ...
ခေါင်းငုံဒူးထောက်ကနေ
ရင်ကော့ခေါင်းမော့ပြီး
"'ဒါ ငါတို့ အမှန်တရား"
အားအပြည့်နဲ့ကြုံးဝါးမယ်
စုပေါင်းညီညာအောင်ကြောင်းဖြာစေ
ဒေါင်းအလံအောက်က အရိုးတွန်သံတွေ
သင်္ကန်းပေါ်မှာကွက်တဲ့သွေးတွေ
ဘယ်တော့မှမတိတ်ဘူး ဘယ်တော့မှမတိတ်ဘူး
ဒါ နိုင်ငံရေးမဟုတ်
အမှန်တရားနဲ့ အနိုင်ကျင့်ခံရမှု ကို
တုံပြန်ခြင်းသာ.....

Monday, December 14, 2009
မိမိုးရေ....(၂)
မိမိုးရေ...
အသက်ကြီးလာလေလေ ဒုက္ခဆိုတာခါးလေလေပဲ
လောကဓံဆိုး လေးပါးနဲ့တွေတော့မှ
ငါဟာရင့်ကျက်သင့်သလောက်မရင်ကျက်ခဲ့မှန်းသိရ....
ဖြစ်နိုင်ရင်ငါးကိုယ်လောက်ခွဲချင်ရဲ့
နောက်ပွားလေးကိုယ်ကတော့
အဆိုးလေးပါးခံစားစေပေါ့
ကျေးဇူးနဲ့မေတ္တာတရားရဲ့တာဝန်ယူတက်မှုမှာ
ငါဟာလုံလောက်အောင်မစွမ်းဆောင်နိုင်ခဲ့ဘူး
ခေါင်းငုံလက်ပိုက် ငါဟာအိမ်စာမပြီးခဲ့တဲ့
ကျောင်းသားတစ်ယောက်ရယ်ပါ
ခေတ်နဲ့စနစ်နဲ့ရဲ့ ပုံစံတကျမှားယွင်းမှုမှာ
အမှန်တရားရဲ့ အံဝင်ခွင်ကျမဖြစ်မှုဟာ
ငါအပြစ်တဲ့လား
လက်လျှော့လိုက်ရတော့မလားပဲ မိမိုးရေ.....
အမှန်တရားပေါ်မှာတည်ဆောက်တာထက်
အလုပ်ဖြစ်ရေး အဓိက ဟာ ဝယ်လိုအားမြင့်တက်နေတာကို
နင်မသိတော့လည်း ငါရှင်းရခက်ရဲ့
လျှောက်လွှဲချက်တွေဘယ်လောက်ပေးပေး
တရားခံကတော့တရားခံပါပဲ...
မိမိုးရယ်......

Thursday, August 6, 2009
Monday, July 6, 2009
ည
ညနက်ပိုင်းရဲ့ လဟာအိုကြီးအိုမရဲ့ပါးရေလိုတိမ်တွေကြားမှာ
မျက်နှာသေလေးနဲ့သိမ်ငယ်နေရှာတယ်။တိမ်တွေဟာဘယ်လောက်တောင်မဲမှောင်ရှူံ့တွနေသလဲဆိုတော့ ဆန်းဒေရဲ့တိမ်ပြာပြာတွေကသူတို့မဖြစ်ခဲ့ဖူးသလိုပဲ။ လ ကမျက်နှာငယ်ညိုမှိုင်းနေ
သလို ကျွန်တော်ကလည်းချစ်သူကိုလွမ်းတယ်။ဘယ်ကချစ်သူကိုလွမ်းတယ်ဆိုတာထက်လွမ်း
တယ် ချစ်သူကိုလွမ်းတယ်ဗျာ။ဘယ်သူမှမယုံကြည်ချင်နေပါစေ။ကျွန်တော်ယုံ
တယ်ဗျာ။နှစ်ချို့အရက်တွေကြောင့်ဒီအက္ခရာတွေထွက်ကျလာတယ်ဆိုရင်ကျွန်တော်ကိုကျွန်
တော်သစ္စာဖေါက်ခြင်းပေါ့။ကျွန်တော်သေချာပါတယ် ချစ်သူကိုလွမ်းတယ်။ကျွန်တော်မမှိလိုက်
တဲ့ မိုးဝေမဂဇ္ဇင်းကိုလည်းလွမ်းတယ်။ လာမဲ့မနက်ခင်းကိုလည်းလွမ်းတယ်။
ပင်ပင်ပန်းပန်းနဲ့လွမ်းတဲ့အလွမ်းကလည်း ကိုယ်ကိုကိုယ်သာဆွဲချသွားတယ်။
ပျော်အောင်တော့သိပ်မသွားခဲ့ဘူးဗျာ။
ဒုက္ခကိုဆေးဆိုးရအောင်ဒုက္ခဆိုတာအရောင်ဖြူတွေနဲ့လာတက်ပါသလား။
ကျွန်တော်ရဲ့ဒုက္ခများသည်မည်သည့်အရောင်တွေနှင့်လာမှန်းမသိသောကြောင့်
မျက်စေ့မှိတ်ပြီးသာနေလိုက်တော့သည်။ ဘာမှန်ကိုသေသေချာချာရေရေရာရာမသိလိုက်
ကျွန်တော်တွင်မျှဝေခံစားစေချင်သောဆန္ဒအမှန်ပင်မရှိခဲ့ပါ။သိရုံသာသိစေချင်သည်။
ကျွန်တော်ခါးစောင်းတင်ထားလို့ကမ္ဘာကြီးစောင်းနေသလား။ဝင်ရိုးပေါ်မှာစောင်းနေသလားဆိုတာ လူတိုင်းသိတယ်။
ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည်ကိုလူတိုင်းအပြည့်သုံးနိုင်ပါသလား။ ကျွန်တော်မဖြေနိုင်
ပါ။ ထိုသို့ ကျွန်တော်မဖြေနိုင်သောမေးခွန်းများ၊ အနှောင့်အသွားမလွတ်သောမေးခွန်များစွာ
ရှိသည်။စိတ်ထဲတွင်ဖြေရင်းစိတ်တိုင်းမကျလို့ဘယ်သူမှအသိမပေးပဲထားလိုက်တော့တယ်။
သိလိုရှိသလား ရှိလို့သိသလားဆိုတာတွေကို ဘယ်တော့မှ ကိုယ့်ကိုလည်းမမေးခဲ့ပါ။
မဖြစ်မနေမေးလို့မဖြစ်မနေဖြေရမယ်ဆိုရင်တော့ ရှိလိုသိလို့ရှိတယ် သိလို့ရှိလို့သိတယ်ပေါဗျာ
အမှန်တိုင်းပြောတာပဲလေ။အသုံးမ၀င်ရှင်းမရတဲ့ပြဿနာတွေနဲ့အမှောင်ခေတ်မှာအချိန်ကုန်
ချင်လို့လားဗျာ ထားလိုက်ပါ။ ခင်ဗျာအတွက်နာမ၀ိသေသနတစ်ခုရှာပေးထားတယ်
လူနှင့်တူသော

ဆယ်စုနှစ်နှစ်ခု
ဆယ်စုနှစ်၂ခုကိုလွန်မြောက်ခဲ့တဲ့အခါ IT, knowledge Age, long life learning, Knowledge exploration, Internet , H1N1 , Hip Hop, Alter, Punk
စကပ်အတို၊ဘောင်းဘီအကျပ်၊ဆံပင်အကောက်တစ်ဝက်အဖြောင့်တစ်ဝက်
ကြာကြာစောင့်၇တဲ့ ဘစ်စကား၊ AIDS, ဗုဒ္ဓဘုရားရှင်ရဲ့ သစ္စာလေးပါးတရား၊
ခရစ်တော်ရဲ့ မေတ္တာတရား၊အမေရဲ့ အလုပ်ဟူသမျှဂုဏ်ရှိစွ။
အဖေရဲ့ ဖွံဖြိုးရေးအတွေးအခေါ်၊ဆယ်တန်းမအောင်သေးတဲ့ ညီငယ်ရဲ့
ဘီလ်ဂိတ်အိပ်မက်၊ အငယ်ဆုံးညီရဲ့ ပုန်ကန်တဲ့ဒဿနနဲ့အတူထွက်ပေါက်ရှာမှု
သူငယ်ချင်းတစ်ယောက်ရဲ့ ခပ်ကြမ်းကြမ်းဖြစ်တည်မှုဝါဒ၊ဂီတသမားတစ်ယောက်ရဲ့
သီချင်းအသစ်၊ညီမလေးတစ်ယောက်ရည်ရွယ်ချက်မရှိပဲဆရာဝန်ဖြစ်သွားခြင်း၊
နိုင်ငံခြားသွားဖို့ကြိုးစားနေတဲ့သူငယ်ချင်းမတစ်ယောက်၊ လွပ်လတ်မှုကိုမြတ်နိုးတဲ့
အသက် ၃၀ကျော်အကိုကြီးရဲ့ ဒဿန၊ပြစ်တောက်ပြစ်တောက်လုပ်တက်တဲ့အဖွား
စံချိန်ကျသွားတဲ့ ၀ီစကီအရက်၊ဘုရားလက်ကိုအပ်လိုက်ပြီးဆိုတဲ့ အဖိုးရဲ့ စကား
ဖရောင်းတိုင်နဲ့ဖတ်ခဲ့တဲ့စာအုပ်တွေ၊သိပ်မပြင်းထန်သေးတဲ့လောကဓံလှိုင်းတွေ
သူ့အချိန်နဲ့သူငါ့ဆီကိုလာတယ်ဆိုရင် ချစ်သူဆိုတာ ကောက်ရတဲ့ အမျိုးမဟုတ်တာတော့
သေချာပါတယ်။သူမကိုကျွန်တော်ကောက်ရခဲ့ခြင်းမဟုတ်ခဲ့ပါ။ ခံစားတက်သော
နှလုံးသားတစ်ခု၊ ဦးဏှောက်တစ်ခု၊ပါးစပ်တစ်ပေါက်၊မျက်လုံးတစ်စုံ၊ငွေစက္ကူတစ်ချို့နှင့်
အချိန်ကာလများရင်းနှီးခဲ့ရသည်။
နှင်းတွေမှိုင်းနေအောင်ကျတယ်၊အေးသမပိုင်းဇုံရဲ့မြောက်ပြန်လေဟာတစ်သက်လုံးနေပူမမိဖူးခဲ့ဘူးထင်တယ်။
ဒီနှစ်ဆောင်းအေးတယ်။အဲ့ဒါထက်ငါနှလုံးသားအေးတယ်။အချစ်ကိုရင်ခုန်ပေမဲ့
ကံကြမ္မာကိုမယုံကြည်ပါ။စကောစကမြို့လေးမှာတေးဆိုသောငှက်များမရှိကြပါ။ ရံဖန်ရံခါသာ
ငှက်ဆီုးထိုးသံကြားရသည်။ပြန်ဆိုတေးကိုပြန်ဆိုသောလူများရှိကြသည်။ဘောလုံးပွဲကြိုက်သောလူများရှိကြသည်။ ခမ်းနားသောအဆောက်အဦးကိုပြပါဆိုလျှင်ကျွန်တော်အိမ်မှရေစင်ရှိသည်
ထိုင်နေကြလက်ဖက်ရည်ဆိုင်တွင်အကဲပိုသောကလေးငယ်ရှိသည်။ ထိုဆိုင်တွင်ကျွန်တော်အ
ကြွေးစာရင်းလည်းရှိနေသည်။ကျွန်တော်အိမ်မှ satellite receiver အလုပ်မလုပ်တော့ပါ။
ရာနီ(yani)ရဲ့ new age ကလပ်စစ်တေးသွားတွေကိုကျွန်တော်ကြိုက်သည်။နားထောင်ခံစား
တက်သည်။ ကန်နာဂျီ(Kneeyg)ရဲ့ တစ်ကိုယ်တော်တေးသံတွေကလည်းကျွန်တော်အလွမ်း
ဖြေစရာတွေဆိုတာလည်းအမှန်ပဲ။ကတိုက်ကရိုက်ပဲအဆုံးသတ်လိုက်တယ်လပြည့်လကွယ်
အသုဘတွေလိုပ။ဘ၀ထဲကိုရောက်လာတာများဘာမှန်းမသိလိုက်ပဲကုန်သွားလိုက်တာ
အခုချိန်ထိလည်းမလွတ်မြောက်သေးတာ သိမ်ငယ်လိုက်တာကွယ်

အမေအတွက်
အမေ
သားနဲ့ လူမျိုး
လူမျိုးကိုပိုချစ်တဲ့အမေ
ဘ၀တစ်လျှောက်လုံး
အမေအတွက်ခေါင်းမော့နေမှာပါ အမေ……
အမေ
အမေ့ ရင်မှာ မဒီဒေ၀ီရဲ့ပူလောင်မှုထက်
မလျော့ဘူးဆိုတာသားတို့သိတယ်။
အားတင်းထားပါ အမေ
အမေ့အတွက် အမေ့ ပြည်သူတွေအတွက်
အမေ့သားသမီးတွေလာနေကြပြီး။
အမေချစ်တဲ့ပြည်သူတွေအတွက်
နာရီလက်တံနဲ့ အမေ့သားသမီးတွေကွ
လွတ်မြောက်မှုတနင့်တပိုးကြီး ကို
သယ်လာခဲ့ပါပြီး။
အမေချစ်တဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံ
စိတ်နားနဲ့ကြားကြည့်ပါအမေ…….
ဆူးပုံမှန်သိသိနဲ့ လမ်းဖြစ်အောင်
နင်းပေးခဲ့တဲ့သတ်တိ
ဇာနည်သွေးအပြည့်ပါအမေ
ကမ္ဘာတစ္နံတစ္လ်ားက
အမေ့သားနဲ့သမီးတွေလိုက်လာနေကြပြီး အမေ………
ပန်းတိုင်ဆိုတာ
ဗူးဝ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်အပြည်
နဲ့ အမေပေးဆပ်ထားတဲ့
သွေးစက်ချွေးစက် နေ့ရက်လမ်းတွေအတိုင်း
လိုက်လာနေကြပြီးအမေ….
ခလုပ်တိုက်လဲတာတွေ
ကြားကိုက်ဆွဲတာတွေကို
ဖေးကူရင်း အားမာန်အပြည့် ဟစ်ကြွေးသံတွေနဲ့
အမေ့သားသမီးတွေလိုက်လာနေကြပြီး။
အမေ့သားတွေသမီးတွေထမ်းတဲ့
လှည်းပေါ်မှာအမေပါမှဖြစ်မယ်အမေ
အမေ့ သားသမီးတွေအတွက်
ဇူလိုင် ၁၉ လိုနေမျိုးထပ်ပြီးမပေးခဲ့ပါနဲ့ အမေ
အမေ့ သားသမီးတွေမှာ
ငိုဖို့ မျက်ရည်မရှိတော့ဘူးနော် အမေ
လသာ၊တိမ်ပြာနေ့တွေကို
အတူသွားကြမယ်အမေ
အားတင်းထားပါအမေ
အမေ့သားသမီးတွေလိုက်လာကုန်ကြပြီး
နေမုန်း
11.12.2005 11:55 pm

Monday, April 13, 2009
" အချစ်လား"
တိတ်တိတ်လေး နေချင်ပါတယ်ဆိုမှ
သတိရစရာတွေ တိုက်ဆိုင်လွန်းတယ်..
ဆွေးရမှာ ကြောက်ပါတယ်ဆိုမှ
ချစ်ဖို့ ခြိမ်းခြောက်ခံရတာ အိမ်မက်ထဲထိကွယ်..
မသွားတော့ပါဘူးဆိုမှ
ခရီးတွေ ကြုံလွန်းလှတယ်...
အသံကြား သနားမှာစိုးပါတယ်ဆိုမှ
ကြိုက်မိတဲ့ သီချင်းက ရည်ရွယ်ညွှန်းနေလားပဲ
သြော်...
ဒါနဲ့ပဲ နှလုံးသား ကိုသွား
တံခါးလေး အနားရောက်တော့
ခတ်ထားတဲ့ သော့ပေါက်
ဘုရား...ဘုရား.....
မင်းရဲ့ လက်ချောင်းလေးများ
ပုံတူများ ပွားလေသလားပဲ ..။
ဝေသစ်

Subscribe to:
Comments (Atom)