Sunday, August 15, 2010

မင်းမကြားနိုင်တော့ဘူလား မိန်းကလေးရေ......

ဆောက်တည်ရာမဲ့လိုက်တာများ
ခွေးရူးတစ်ကောင်လိုပဲ မည်းမည်းမြင်ရာကို
လိုက်ကိုက်ချင်နေတော့တာလေ.....
ယုံကြည်ချက်တွေ အရိုက်ချိုးခံ လိုက်ရတဲ့
ခံစားမှုက ဘဝပျက်သွားလောက်အောင်
ပြင်းထန်တယ် မိန်းကလေးရဲ့ 
သံသယတွေကို တည်ဆောက်ပေးနေတဲ့
လုပ်ရပ် တွေ ကို အဆုံးသတ်ပြီး
ပြတ်သားလိုက်ပါတော့ကွယ်။
ငါ့ နှလုံးသားက ရှိုက်ထုတ်လိုက်တဲ့
အသံမဲ့ ငိုကြွေးမှုတွေ ကို ထပ်ထပ်ပြီး
ကြည့်မြင်စားသုံးချင်သတဲ့လား မိန်းကလေးရယ်........
ပြင်းထန်လွန်းတယ်။ မနေတက်ဘူး။
ငါက မင်းလာမလားလို့ စောင့်နေမိတယ် မလာတော့ လိုက်ရှာတယ်
မတွေ့တော့ ယုံကြည်ရာမဲ့ ဆောက်တည်ရာမဲ့ ခုန်ပေါက်နေတဲ့
ဟော့ဒီရင်ထဲ က အသံက အသံမဲ့.....
မင်းမကြားနိုင်တော့တဲ့ အသံမဲ့
မင်းမကြားချင်တော့တဲ့ အသံမဲ့
မင်းမလိုချင်တော့ တဲ့ အသံမဲ့
အနိုင် အရှုံး အမှား အမှန် တွေထက်
ငါ တို့ ခံစားချက်တွေ ကွာဝေးကုန်ပြီး
ငါကတော့ လိုက်လေ မောလေ....
မောလေ အောင်ခေါ်လေ
မင်းကတော့ နားပိတ်ပြီးပြေးတယ်
ငါကတော့ ရင်ဖွင့်ပြီးလိုက်တယ်
အစွမ်းကုန် အော် ခေါ် ရင်းနဲ့ပေါ့
မင်းကြားမလားလို့ မျှော်လင့်ရင်းလေ..............
ငါကတော ဟောင်းလောင်းပေါက် ရင်ဘတ်နဲ့
မင်းကတော့ ဟောင်းလောက်ပေါက် နားတွေနဲ့
ငါတို့ကြားနိုင်စွမ်းက ငါတို့ ကြားမှာ
မရှိတော့ဘူးလား မိန်းကလေးရေ.......
မင်း မကြားတော့ ဘူးလား ငါရင်ဘတ်ထဲ က အသံ မဲ့ အသံကိုလေ။
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment