Monday, April 13, 2009

" အချစ်လား"

တိတ်တိတ်လေး နေချင်ပါတယ်ဆိုမှ
သတိရစရာတွေ တိုက်ဆိုင်လွန်းတယ်..
ဆွေးရမှာ ကြောက်ပါတယ်ဆိုမှ
ချစ်ဖို့ ခြိမ်းခြောက်ခံရတာ အိမ်မက်ထဲထိကွယ်..
မသွားတော့ပါဘူးဆိုမှ
ခရီးတွေ ကြုံလွန်းလှတယ်...
အသံကြား သနားမှာစိုးပါတယ်ဆိုမှ
ကြိုက်မိတဲ့ သီချင်းက ရည်ရွယ်ညွှန်းနေလားပဲ
သြော်...
ဒါနဲ့ပဲ နှလုံးသား ကိုသွား
တံခါးလေး အနားရောက်တော့
ခတ်ထားတဲ့ သော့ပေါက်
ဘုရား...ဘုရား.....
မင်းရဲ့ လက်ချောင်းလေးများ
ပုံတူများ ပွားလေသလားပဲ ..။

ဝေသစ်

0 ခု ---- သူတို့အမြင်:

Post a Comment