ဆုံးရှုံးခြင်းတွေကြောင့် ဆောက်တည်ရာမဲ့
ဖြစ်ကုန်တာတဲ့လား နေမုန်း ရယ်...
သနားစရာ ကောင်းလေစွ
ဘယ်တုန်းက ပိုင်ဆိုင်ဖူးခဲ့လို့လဲ
အခိုက်တန့်လေး တစ်ချက်ကို ဘဝ ဖြစ်အောင်
ဆွဲဆွဲ ယူရင်း မျှော်လင့် ခြင်းတွေရဲ့
ပရမ်းပတာ ဖြစ်ခြင်း ကို ဆုံးရှုံးမှု ရဲ့
ပြယုဂ် အဖြစ် ဘယ်လောက်ကြာကြာ
ဆွဲ ကိုင်ပြနေမှာလဲ နေမုန်း။
အဆုံးသတ်ကြပါစို့ကွယ် မိန်းကလေးရေ....
မင်းလည်းမင်းလမ်း မင်းလျှောက် မင်းမျှော်လင့် တာ
မင်း ရင်ခုန်ပေါ့။
ငါလည်း ငါလမ်းငါလျှောက် ငါမျှော်လင့်တာ
ငါ ရင်ခုန်ပေါ့။
စာချုပ်မပါတဲ့ ကျင့်ဝတ်တွေ
စာချုပ် မပါတဲ့သဘောတူညီမှုတွေကို
ဖေါက်ဖျက်တာက လူဘဝ မှာ တခါတလေ
အတ္တ နဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူးလေ......
သိပ် အရှက်ကြီးလွန်တဲ့ ငါ က သာ ရှက်တတ် တာပါ။
ငါ က သာ သိပ် တန်ဖိုးထားလွန်းတာပါ။
အတွေ့ အကြုံ ကြီးပြင်းမှု ပါတ်ဝန်းကျင်ရဲ့ ပုံသွင်းမှု ကို
အပစ်မတင်ချင်ပေမဲ့
ငါ ဟာ မင်း ကို လူလာမြောက်စေချင်တယ်
ငါစေတနာ နဲ့ ငါ မေတ္တာ မင်း အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ် စေတာတဲ့လား။
ငါ အမှတ်မှားခဲ့ အသင်မှားခဲ့တဲ့ ငါ့နဲ့ မင်းကြား က
ရင်ခုန်သံအတွက် ငါ ဘယ်တော့မှ
နောင်တ မရ ချင်ဘူး မိန်းကလေး။ ။
နေမုန်း
Sunday, August 15, 2010
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment