Monday, July 6, 2009

အမေအတွက်

အမေ
သားနဲ့ လူမျိုး
လူမျိုးကိုပိုချစ်တဲ့အမေ
ဘ၀တစ်လျှောက်လုံး
အမေအတွက်ခေါင်းမော့နေမှာပါ အမေ……

အမေ
အမေ့ ရင်မှာ မဒီဒေ၀ီရဲ့ပူလောင်မှုထက်
မလျော့ဘူးဆိုတာသားတို့သိတယ်။
အားတင်းထားပါ အမေ
အမေ့အတွက် အမေ့ ပြည်သူတွေအတွက်
အမေ့သားသမီးတွေလာနေကြပြီး။
အမေချစ်တဲ့ပြည်သူတွေအတွက်
နာရီလက်တံနဲ့ အမေ့သားသမီးတွေကွ
လွတ်မြောက်မှုတနင့်တပိုးကြီး ကို
သယ်လာခဲ့ပါပြီး။
အမေချစ်တဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံ
စိတ်နားနဲ့ကြားကြည့်ပါအမေ…….

ဆူးပုံမှန်သိသိနဲ့ လမ်းဖြစ်အောင်
နင်းပေးခဲ့တဲ့သတ်တိ
ဇာနည်သွေးအပြည့်ပါအမေ
ကမ္ဘာတစ္နံတစ္လ်ားက
အမေ့သားနဲ့သမီးတွေလိုက်လာနေကြပြီး အမေ………
ပန်းတိုင်ဆိုတာ
ဗူးဝ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်အပြည်
နဲ့ အမေပေးဆပ်ထားတဲ့
သွေးစက်ချွေးစက် နေ့ရက်လမ်းတွေအတိုင်း
လိုက်လာနေကြပြီးအမေ….
ခလုပ်တိုက်လဲတာတွေ
ကြားကိုက်ဆွဲတာတွေကို
ဖေးကူရင်း အားမာန်အပြည့် ဟစ်ကြွေးသံတွေနဲ့
အမေ့သားသမီးတွေလိုက်လာနေကြပြီး။

အမေ့သားတွေသမီးတွေထမ်းတဲ့
လှည်းပေါ်မှာအမေပါမှဖြစ်မယ်အမေ
အမေ့ သားသမီးတွေအတွက်
ဇူလိုင် ၁၉ လိုနေမျိုးထပ်ပြီးမပေးခဲ့ပါနဲ့ အမေ
အမေ့ သားသမီးတွေမှာ
ငိုဖို့ မျက်ရည်မရှိတော့ဘူးနော် အမေ
လသာ၊တိမ်ပြာနေ့တွေကို
အတူသွားကြမယ်အမေ
အားတင်းထားပါအမေ
အမေ့သားသမီးတွေလိုက်လာကုန်ကြပြီး
နေမုန်း
11.12.2005 11:55 pm

2 ခု ---- သူတို့အမြင်:

royal said...

လေးစားပါတယ် ကိုနေမုန်း
မော်ဒန်ကဗျာကိုမကြိုက်ပေမဲ့
ဒိကဗျာကိုတော့ကြိုက်တယ်ဗျာ

Ngu Wah said...

မောင်လေး... ဒီကဗျာလေးကိုကြိုက်တယ်... ကူးသွားတယ်နော်...

Post a Comment