ဆောင်းရဲ့ ရနံ့လေးတွေ တိတ်ဆိတ်လို့ ...နွေဦးရဲ့ ...နုတ်ဆက်တေးသံနဲ့ အတူ ....မြန်မာပြည်က လူတိုင်းရဲ့စိတ်တွေထဲမှာ
အပင်ကလည်းမရှိ ....မီးကလည်းမလာနဲ့ ..ရေကလည်းမသေချာ..ဒီနွေကိုဖြတ်သန်းဖို့ ရင်မောနေကြပြီး...အမြဲပြောနေကြ ပြစ်တင်စကားသံတွေ
နေရာတိုင်းမှာပဲ့တင်နေတာဆယ်စုနှစ်တောင်မကတော့ပါဘူး။
လူအများစုသတိမထားမိတာက လူတိုင်းမှာလည်း တာဝန်ရှိတယ်ဆိုတာပါပဲ။
အဓိက ကတော့ တိုင်းပြည်ရဲ့တိုးတက်မှုနည်းတာကြာင့် လူငယ်တွေအတွက် တိုးတက်မယ့်အခွင့်အလမ်း၊တိုးတက်မှုနဲ့ အညီ ထိုက်တန်တဲ့ ခံစားခွင်ရ့ရှိဖို့ ..စသဖြင့်အများကြီးလုပ်ဖို့လိုအပ်နေပါတယ်။အထူးသဖြင့် အလုပ်ခွင်ထဲမှာ ကိုယ်နှင့်သက်ဆိုင်သောပညာရပ်နှင့်အညီ ထိုက်တန်သော နေရာရနေသည့် လူလတ်ပိုင်းဝန်းကျင်လူငယ်တွေမှာ ပိုပြီးတာဝန်ရှိသလို ပိုပြီးလည်းထိရောက်စေနိုင်တဲ့ အကျိုးပြုမှုတွေဖြစ်ပ်ါစေရန်လုပ်ဆောင်နိုင်ပါတယ်။ကပ်ရပ်မျိုးဆက်လူငယ်ပိုင်းတွေရဲ့
လိုအပ်ချက်တွေကို နားလည်ခံစား လမ်းညွှန်ကူညီပေးနိုင်သလို အထက်ပိုင်းလူကြီးတွေဆီက ပညာယူနိုင်ပြီး၊ လူငယ်တွေရဲ့ လိုအပ်မှုလေးတွေကိုလည်းကူညီပေးနိုင်အောင်တိုက်တွန်းနိုင်ပါတယ်။
ဒီလိုလုပ်ခဲ့မယ်ဆိုရင်တောင် နောက်မျိုးဆက်တစ်ခု အထိအနည်းဆုံး
အချိန်ပေးပါမှ လမ်းကြောင်းတစ်ခုပေါ် အခြေချ မိမှာပါ။ ပြီးမှ ရှေ့ကိုဆက်လျှောက်ကြရမှာပါ။အခုဆို နေရာအတော်များများမှာ ကိုယ့်နေရာနဲ့
ကိုယ်တည်မြဲဖို့ ..တိုးတက်ဖို့ပဲအာရုံစိုက်နေပြီး ..ကိုယ့်လူမျိုး၊
နောက်မျိုးဆက်သစ်များအတွက် sharing လုပ်ဖို့၊တွဲခေါ်ဖို့ဆိုတာက ရှိတောင်
ကိုယ်နဲ့ အမျိုးမကင်း ..ကျေးဇူးမကင်း တာမျိုးလောက်ပါပဲ။တစ်ချို့ကတော့ လုပ်ချင်ပါတယ်..ဒါပေမယ့်လုပ်တဲ့သူတွေနည်းနေတော့ လုပ်လဲမထူး
ပါဘူးပေါ့။ဒါလဲဆင်ခြေပေးနည်းတစ်မျိုးပါ။မှတ်မှတ်ရရ သူငယ်ချင်းစီးပွားရေးသမားတစ်ယောက် နဲ့ အဲဒီအကြောင်း ပြောဖြစ်တုန်းက သူကလက်ခံပါတယ်။
ဒါပေမယ့် သူ့ကိုလူတစ်ယောက်ကမေးဘူးတယ်တဲ့။..လူ အယောက် 100 ရှိတဲ့အထဲမှာ 90 ကရူးပြီး 10ယောက်ကမရူးတဲ့အခြေအနေမှာ ရူးတဲ့ 90 က ကျန်တဲ့ 10 ယောက်ကို အရူးပါလို့ဝိုင်းပြောရင် ကောင်းတဲ့ 10 ယောက်က အလိုက်သင့် အရူးသိုင်းကရမှာပါပဲတဲ့။ဒါက စီးပွားရေးပိုင်း policy ပိုင်းမှာတော့ ပတ်သက်ချင်ပတ်သက်လိမ့်မယ်။...တတ်နိုင်သရွေ့
sharing လုပ်တာ ..လက်တွဲခေါ်တဲ့ နေရာတွေမှာ တော့မဆိုင်ပါဘူး။တစ်ကယ်တမ်း သာဆိုရင် အဲဒီလိုလူမျိုးတွေ ဟာပြောခဲ့တဲ့
"လုပ်ချင်ပါတယ်..ဒါပေမယ့်လုပ်တဲ့သူတွေနည်းနေတော့ လုပ်လဲမထူးပါဘူးပေါ့" ဆိုပြီးဆင်ခြေပေးနေတဲ့လူမျိုးတွေပါ။
ကိုကိုယ်တိုင်က လူကောင်းဖြစ်ရဲ့သားနဲ့ အများရူးတာကို လိုက်ပြီးရောချနေတာဟာ သူကိုယ်တိုင်ကကိုယ်ကျိုးကြည့်ပြီး91ယောက်မြောက်အရူးစာရင်းဝင်နေတာပါ။.
..ကျွန်တော်လည်း သူငယ်ချင်းကို အခုပြောခဲ့သလို ပြန်ရှင်းပြပြီး ....
ဆရာဖေမြင့်ရဲ့ chicken soup ဘာသာပြန်စာအုပ်ထဲက real story လေးတစ်ခုအကြောင်းပြောပြလိုက်ပါတယ်။
ဒီလိုပါ..." "သူတို့ နိုင်ငံမှာ ပင်လယ်ကမ်းခြေ ရေတက် ပြီးပြန်ကျတဲ့အခါ ကြယ်ငါးလေးတွေ တင်ကျန်နေလေ့ရှိပါတယ်။
နောက်ရေမတက်မခြင်း တရွေ့ရွေ့ နဲ့ပဲ သေကြရပါတယ်။ပင်လယ်ကမ်းခြေတစ်လျှောက်ဆိုတာ့ အကောင် သန်းချီရှိပါတယ်။
တနေ့ လူတစ်ယောက်လမ်းလျှောက်ရင်း ကမ်းခြေ မှာ ကြယ်ငါးတွေလိုက်ကောက်ပြီးပင်လယ်ထဲ ပြန်ပြစ်နေတာတွေ့ပါတယ်။
ဒါနဲ့ပဲ သူက ဟေ့လူ ...ဒီလောက်သန်းနဲ့ ချီရှိတဲ့အကောင်တွေကို ကယ်ဖို့ ခင်ဗျားတစ်ယောက်တည်းနဲ့ ဘာထူးမှာလဲလို့ မေးပါတယ်။
ဘာပြန်ပြောလဲဆိုတော့ ဟုတ်ပါတယ် အကုန်လုံးအတွက်တော့မထူးဘူး ...ကြယ်ငါးတစ်ကောင်ကိုကိုင်ပြီး ပင်လယ်ထဲပြစ်လိုက်ရင်း
လောလောဆယ်တော့ ဒီတစ်ကောင်အတွက် တော့ထူးသွားပြီတဲ့ " ".....ကဲကျွန်တော်တို့ရော တစ်ကောင်ထူးသွားလည်းတန်ဖိုးရှိတဲ့
အရာမျိုးလေးတွေ မလုပ်သင့်ဘူးလား။
ကျွန်တော်အတွေ့အကြုံအရ အများစုက နေရာရဖို့ သေသေချာချာတွဲခေါ်ခံရတာမျိုးတွေ
မရခဲ့ပဲ ကိုယ့်အားကိုယ်ကိုးပြီး တက်လာရတာများတော့ ပြန်ပြီး လက်တွဲတာမျိုးလုပ်ဖို့
သတိမထားမိကြဘူး။..ကိုယ်က အဲဒီလို လက်တွဲခေါ်ခံရဘူးရင် သူများကိုလည်းကူညီဖို့
စိတ်ဝင်စားကြမှာပါ။ဒါကြောင့် ကိုယ့်တုန်းကမရပေမယ့် ကိုယ်ကစပြီး တွဲခေါ်ဖို့ ..သူတို့ကလည်း အခြားသူများကိုပြန်တွဲခေါ်ဖို့ ပညာပေးဖို့လိုပါမယ်။ဒါမှပဲ ..တစ်ယောက်တစ်လက်နဲ့
ရှေ့ ဆက်နိုင်မယ်လို့ထင်ပါတယ်။...အားလုံးကိုလည်း ဒီလိုစိတ်ထား ပြီးကူညီဖေးမပြောပြကြမယ်လို့ တိုက်တွန်းရင်း အုတ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ ဒီအမြင်လေးကို
အဆုံးသတ်လိုက်ပါတယ်။
ဝေသစ်
(ကိုဝေသစ်ရဲ့အသစ်စက်စက်ဆောင်းပါးလေးယူတင်ထားပါတယ်)
Monday, April 13, 2009
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment