Tuesday, January 20, 2009

လူတွေကိုကြည့်ပြီးကိုယ့်ကိုကိုယ်ပြန်မြင်တော့ဒီလို


အမေ

မြင်ရင်ကြားရင် ရင်ထုမနာစရာတွေပဲ

ကိုယ်ချင်းစာခံစားရင် ရင်ဘတ်ထဲမှာ

အောင့်လာတယ်အမေ

အသိတွေနည်းရတဲ့အထဲ

Brainwash လုပ်ခံထားရတဲ့

သနားစရာလူတွေရယ်လေ

ဘာတွေကိုဘယ်ကစလုပ်ရမယ်

မသိအောင်ပါအမေရယ်

ဒီမျိုးဆက်မှာ

ဘာလို့မလွတ်လပ်ရလဲဆိုတာ

ကျွန်တော်သိသွားပြီးအမေ

ပြတ်သားမှု၊နာခံခြင်း၊ဆွေမျိုးစောင့်ရှောက်ရေး

ဆိုတဲ့ ထီးရိပ်အောက်ကိုတဖက်လှည့်

သိမ်းသွင်း သူတို့ ဗျူဟာတွေ

ပြောင်မြောက်လွန်းတယ်။

အမေ့သား

ကျွန်တော်လေ

ဘီယာသောက် စီးကရက်ခဲပြီး

လွတ်လပ်ရေးကိုတည်ဆောက်မလို့တဲ့

ကိုယ့်ကိုကိုယ့်လိပ်ပတ်လည်ဖို့လောက်သာ

တာစူနေရင်း မတန်တဲ့စကားတွေမပြောတော့ဘူး

လူပြောမသန်၊ လူသန်မပြောလို့

အမေဆုံးမတာမေ့သွားတယ်အမေ။

ဘယ်နေရာမှာပဲဖြစ်ဖြစ်

ဒီအနာဂတ်အတွက်

ယူစရာတာဝန်တွေချည်းပါအမေ။

နိုင်သမျှယူ၊တက်သမျှကူ

တူသမျှညီ၊စုံသမျှဝိုင်း

ညာသံကြွေးတဲ့ လွတ်လပ်ရေး

လွတ်လပ်ရေး

နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment