Saturday, January 3, 2009

ကဗျာရှည်

ချစ်သူရေ . . .
မင်းမရှိရင် ငါဘယ်လို နေရမလဲ
မင်းမရှိရင် ငါဘယ်လိုအသက်ရှင်ရမလဲ
အားလုံးယူသွားပြီး ငါကိုချန်ထားဖို့ လိုလားကွယ်
ငါသိပါရစေ ။
ရှည်လျားလွန်းတဲ့ အထီးကျန်ညတွေ
ငါ့ကို တည့်တည့်ဝင်တိုးလာတဲ့အခါ
ဘာများလုပ်ရမလဲကွယ်
ကြောက်ရွံ့စွာ မျက်လုံးမှိတ်ပြီး
အိပ်ဖို့ကြိုးစားပေမဲ့ ငါ့ဘေးမှာ မင်းမရှိတော့
ငါဘာများလုပ်ရမလဲကွယ် ။
ငါဟာ . . .
အတိတ်ကို တရိပ်ရိပ်တိုးဝင်နေတဲ့
အချစ်ရဲ့ ရုပ်ကြွင်းရှာတဲ့ အလွမ်းသုတေသီလား
မင်းပြောတာ
ကိုယ့်ရင်ကို ကိုယ်ပြန်မြင်တာ အချစ် တဲ့
မဟုတ်ဘူး အချစ်ရယ် . . .
ငါက ငါ့ရင်ထဲက မင်းကိုမြင်တာ
အချစ်မဟုတ်ဘူးလို့ မင်းငြင်းမှာလားကွယ်
မင်းအတွက် ငါ့အချစ်တွေက
out of date ဖြစ်နေတဲ့ anti viruse software တစ်ခု ဖြစ်နေလားကွယ်
update မလုပ်ဘဲ အစားထိုးချင်တာတဲ့လား
ငါဟာမင်းအတွက် အရိပ်တခုမဖြစ်ဘူးဆိုပေမဲ့
ယပ်တခုတော့ ဖြစ်နိုင်ပါတယ်ချစ်သူ

တောင်ပေါ်၌ ခိုလှုံရာ ကျောက်ကြား၌ရှိသော ငါ၏ ချိုးငှက် သင်၏မျက်နှာကို မြင်ပါရစေ၊ သင်၏ စကားသံကို ကြားပါရစေ။

ဒီလောက်ဦးညွှတ် နှိမ့်ချခဲ့တာ
ငါ့ဘ၀မှာမင်းပဲရှိတယ်
မင်းမျက်ဝန်းတွေ လောင်ကျွမ်းနေသလား
မင်းမျက်ဝန်း တွေ စိုစွတ်နေသလား
မင်းမျက်ဝန်းတွေ ရွှန်းလဲ့နေသလား
ဂျပ်ဆင်ထိပ်က လရိပ်ပြာက တို့နှစ်ယောက်အတွက်
ပန်းတွေပွင့်သလို ရာသီအလိုက်ပဲ
သာခဲ့တာလားကွယ် ။

ချစ်ခြင်းအတွက် . . .
ငါစောင့်နေရအောင် မလုပ်ပါနဲ့လားကွယ်
၂၁ရာစုရဲ့ လူကြိုက်အများဆုံး အမြန်နှုန်းကို
မင်းက မကြိုက်ဘူးတဲ့လား
မျက်ရည်တွေနဲ့ ထုဆစ်ပြမှ အချစ်ဆိုရင်
အစစ်နဲ့ အတု ခွဲဖို့ ဘယ်နှစ်ကြိမ်များ
မျက်ရည်ကျပြရမလဲကွယ် ။
အချစ်က . . .
ဒါဝင်ရဲ့သီဝရီနဲ့ တွေ့တဲ့အခါ သေ သေပြီးကျန်ခဲ့တတ်ရဲ့
ရုန်းကန်ခဲ့ကြပေါ့ အတ္တတွေအတွက် ။

သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏ စပျစ်နွယ်ပင်လည်း ပွင့်၍မွှေးကြိုင်၏ ငါချစ်သောနှမ ငါ၏မိန်းမလှ ထ၍လာခဲ့ပါ

ချစ်ခြင်းအတွက် . . .
ငါ့ကို ဘာကြောင့် ကြာကြာစောင့် ခိုင်းရတာလဲကွယ်
စောင့်ဆိုင်းသည်းခံခြင်းဟာ အောင်မြင်မှု့အတွက်
မရှိမဖြစ်ပါပဲကွာ။
မျှော်လင့်စောင့်ဆိုင်းရတဲ့ စိတ်အနာတွေ
မင်းရဲ့ အနမ်းတွေနဲ့ ပျောက်သွားခဲ့ရင်တောင်
ငါ့ရဲ့ စိတ်အမာရွတ်တွေကို
ပွတ်သပ်ပြီး နောက်ကြောင်းပြန်ကြရင်
စိတ်မကောက်နဲ့နော် ။
ငါ့ရင်ခွင်ထဲမှာ မှီလျော့ပါတော့
တို့တွေအချစ်ကိုတိတ်ဆိတ်သန့်ရှင်းစွာငြိတွယ်ကြရအောင်
လမင်းနဲ့ ကြယ်တွေကိုကြည့်ရင်း
ကြည်နူးပျော်ရွှင်ကြစို့ရဲ့ ။
လွတ်လပ်စွာနဲ့ . . .
ပျော်ရွှင်ရယ်မောခွင့်
တီတီတာတာ ကြည်ကြည်သာသာ
တစ်ယောက်ကိုတစ်ယောက်
နားပူနားဆာလုပ်အချိန်က
တို့ကို ရှာမတွေ့ခဲ့တာလား
တိုတွေကပဲ လူငယ်မဆန်ခဲ့ကြတာလား

ဘ၀ရဲ့ . . .
အချိုးကြလှပမှုဟာ မြို့ပြရဲ့
တိုက်မြင့်မြင့်တွေ ကားလှလှတွေပေါ်မှာ
ရှိတောရှိမှာ ငါအတွက်တော့ မွန်းကျပ်တယ်
ပေါ့ပါးငြိမ်းချမ်းစွာ ဘ၀ ကို စီးမျောဖို့ထက်
အချိုးကျ လှပဖို့က ပိုပြီးအရေးမကြီးပါဘုး
လမင်းကပေးတဲ့ အလင်းရောင် မှုန်ပြပြရယ်
သစ်ရွက်တွေက ဆိုတဲ့သီချင်းရယ်
ကြယ်တွေရဲ့ လင်းလက်မှုကကြိုးရယ်
တို့တွေတစ်ယောက်ကိုတစ်ယောက်
ချစ်တဲ့ အချစ်ရယ်
ဒီတစ်ခါလေပြေလာရင် ခုန်တက်လွင်မျောကြစို့
မင်းရဲ့ဆံနွယ်တွေကိုစုသိမ်းစည်းနှောင်းထားတာတွေ
ဖြုတ်ချလိုက်ပါကွယ် မြတ်နိုးစွာငါ နမ်းရှိုက်ပါရစေ ။
ဟော့ဒီလက်ရုံးဟာ မင်းခေါင်အုံးဖို့
ငါခေါ်သွားမယ် မင်းမရောက်ဖူးသေးတဲ့နေရာပေါ့
လိုက်မယ်မဟုတ်လား ။
အဲ့ဒီမှာ ဆည်းဆာရဲ့ တိမ်တောက်ရဲရဲလေးတွေ
အမောဖြေနေတဲ့ နေလုံးနီလေးရယ်
ညို့နေတဲ့တောင်တန်းတွေရယ်
အဖြူဆွတ်ဆွတ်လမင်းရယ်
အိပ်တန်းပြန် ငှက်လေးတွေရယ်
မင်းကိုသိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ရယ်
မင်းလိုချင်တဲ့ ငြိမ်းချမ်းမှုတွေ ရှိတယ် ။
မင်းမုန်းတဲ့ မျက်နှာဖုံးတွေမရှိဘူး
နျူကလီးယားဗုံးတွေမရှိဘူး
ကွန်ပျူတာ ဗိုင်းရပ်(စ်)တွေမရှိဘူး
ကူးစက်ရောဂါတွေမရှိဘူး
မျက်လုံးတွေမှိတ်ပြီး စိတ်နဲ့လိုက်ခဲ့ သယ်ချင်ရင်
အချစ်ပဲသယ်ခဲ့ ငါ့ရင်က မင်းနဲ့အချစ်ကလွဲလို့
ထပ်ပြီးလက်ခံနိုင်တာ အမှန်တရားပဲရှိတယ်
ဘာပဲဖြစ်ဖြစ် မင်းရဲ့မျက်ရည်ဟာ ငါ့အတွက်
လက်ဆောင်မဖြစ်ဘူး ။
မိန်းမတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ခံစားမှုကို
မျက်ရည်နဲ့ ဖော်ကျူးတာတဲ့လား ။

ခပ်ညံ့ညံ့မိန်းမတွေပဲ လက်နက်အဖြစ် သုံးတာတဲ့လား
ငါဂုဏ်ယူလိုက်ပြီအချစ်ရေ.......
ဘယ်တုန်းကမှ ငါမရဘူးတဲ့ လက်ဆောင်ကို
မင်းပေးတဲ့အတွက်ပေါ့ မင်းရဲ့မျက်ရည်တွေ
သုတ်မပစ်လိုက်ပါနဲ့ ၀င်သက်နဲ့အတူ
ငါ့နှလုံးသားထဲစိမ့်ဝင်သွားပါစေ ။
ငြိမ်းချမ်းမှုဟာ တစ်စုံတစ်ခုကို မှီခိုနေတာ
သဘာဝမကျဘူး ဒါပေမဲ့ အချစ်ရယ် ။
လောဘတွေ ဒေါသတွေ လူတွေ နည်းပါးတဲ့
ဟော့ဒီသဘာဝအစစ်ဟာ
တို့တွေမှီခိုငြိမ်းချမ်းခွင့်ရှိတယ် ။
အချစ်ကို နူးညံ့ဖြူစင်စွာ တို့တွေတွယ်ငြိခဲ့ကြပေါ့
ငါ့အတွက်မင်းမရှိရင် မဖြစ်ဘူး
မင်းအတွက် ငါမရှိရင် မဖြစ်ဘူး ဆိုလောက်အောင်
တို့တွေရဲ့ နှလုံးသားက ပုံရိပ်တွေနဲ့ အသက်ရှင်ခဲ့ကြ
မလိုချင်ဘဲရခဲ့တာ သက်ဆီုးရှည်တဲ့ အလွမ်းတွေ
ကံကြမ္မာကြောင့်လို့ ယိုးမယ်ဖွဲ့ရင် တို့တွေ
ကိုယ့်ကိုကိုယ်လိုက်ရှာဖို့ လိုလိမ့်မယ်နော် ။
ငါဝိညာဉ်ချစ်သောသူကို ညဥ့်အခါ အိပ်ရာပေါ်မှာ ငါရှာ၏ ရှာသော်လည်း မတွေ့။။
ဒီလိုနေ့ညတွေဆက်နေဖို့ ငါမှာအင်အား မရှိတောဘူး
ကွာခြားမှုတွေကို ဆွဲစေ့ပြီး အတူတူစွန့်စားကြစို့
ချစ်သူရေ.......
မျှော်လင့်ခြင်းတွေဟာ ပန်းတွေလို သည်းသည်းလှုပ်အောင် ပွင့်ကြပေါ့
တစ်ပွင့်လောက်ခူးပန်လိုက်ပါကွယ်
ပန်းပန်ရင်နန်းဆန်တယ်တဲ့
တို့နှစ်ယောက်ဘ၀နဲ့ရင်းပြီး နန်းဆန်မှုကို သိမ်းပိုက်ကြစို့
ဟော့ဒီမှာ မင်းအတွက် သရဖူ
ပြိုးပြိုးပြက်ပြက်နဲ့ မက်လောက်စရာတွေတော့ မပါဘူး
ငါ့ရှိသမျှ အချစ်တွေရယ်
တစ်သက်လုံးမပျက်ယွင်းမဲ့ သစ္စာတရားတွေရယ်
ဘယ်တော့မရိုးအီမသွားမဲ့အကြင်နာတစ်ရာတွေ
ရိုးသားမှုတွေနဲ့ထုဆစ်ထားတာ
ငါ့နှလုံးသားရဲ့သခင်မ အတွက်ပေါ့
ငါ့ရင်တစ်ခုလုံး အလွမ်းတွေမှိုင်းနေတုန်းပဲ အချစ်ရယ်

ခပ်ညံ့ညံ့မိန်းမတွေပဲ လက်နက်အဖြစ် သုံးတာတဲ့လား
ငါဂုဏ်ယူလိုက်ပြီအချစ်ရေ.......
ဘယ်တုန်းကမှ ငါမရဘူးတဲ့ လက်ဆောင်ကို
မင်းပေးတဲ့အတွက်ပေါ့ မင်းရဲ့မျက်ရည်တွေ
သုတ်မပစ်လိုက်ပါနဲ့ ၀င်သက်နဲ့အတူ
ငါ့နှလုံးသားထဲစိမ့်ဝင်သွားပါစေ ။
ငြိမ်းချမ်းမှုဟာ တစ်စုံတစ်ခုကို မှီခိုနေတာ
သဘာဝမကျဘူး ဒါပေမဲ့ အချစ်ရယ် ။
လောဘတွေ ဒေါသတွေ လူတွေ နည်းပါးတဲ့
ဟော့ဒီသဘာဝအစစ်ဟာ
တို့တွေမှီခိုငြိမ်းချမ်းခွင့်ရှိတယ် ။
အချစ်ကို နူးညံ့ဖြူစင်စွာ တို့တွေတွယ်ငြိခဲ့ကြပေါ့
ငါ့အတွက်မင်းမရှိရင် မဖြစ်ဘူး
မင်းအတွက် ငါမရှိရင် မဖြစ်ဘူး ဆိုလောက်အောင်
တို့တွေရဲ့ နှလုံးသားက ပုံရိပ်တွေနဲ့ အသက်ရှင်ခဲ့ကြ
မလိုချင်ဘဲရခဲ့တာ သက်ဆီုးရှည်တဲ့ အလွမ်းတွေ
ကံကြမ္မာကြောင့်လို့ ယိုးမယ်ဖွဲ့ရင် တို့တွေ
ကိုယ့်ကိုကိုယ်လိုက်ရှာဖို့ လိုလိမ့်မယ်နော် ။
ငါဝိညာဉ်ချစ်သောသူကို ညဥ့်အခါ အိပ်ရာပေါ်မှာ ငါရှာ၏ ရှာသော်လည်း မတွေ့။။
ဒီလိုနေ့ညတွေဆက်နေဖို့ ငါမှာအင်အား မရှိတောဘူး
ကွာခြားမှုတွေကို ဆွဲစေ့ပြီး အတူတူစွန့်စားကြစို့
ချစ်သူရေ.......
မျှော်လင့်ခြင်းတွေဟာ ပန်းတွေလို သည်းသည်းလှုပ်အောင် ပွင့်ကြပေါ့
တစ်ပွင့်လောက်ခူးပန်လိုက်ပါကွယ်
ပန်းပန်ရင်နန်းဆန်တယ်တဲ့
တို့နှစ်ယောက်ဘ၀နဲ့ရင်းပြီး နန်းဆန်မှုကို သိမ်းပိုက်ကြစို့
ဟော့ဒီမှာ မင်းအတွက် သရဖူ
ပြိုးပြိုးပြက်ပြက်နဲ့ မက်လောက်စရာတွေတော့ မပါဘူး
ငါ့ရှိသမျှ အချစ်တွေရယ်
တစ်သက်လုံးမပျက်ယွင်းမဲ့ သစ္စာတရားတွေရယ်
ဘယ်တော့မရိုးအီမသွားမဲ့အကြင်နာတစ်ရာတွေ
ရိုးသားမှုတွေနဲ့ထုဆစ်ထားတာ
ငါ့နှလုံးသားရဲ့သခင်မ အတွက်ပေါ့
ငါ့ရင်တစ်ခုလုံး အလွမ်းတွေမှိုင်းနေတုန်းပဲ အချစ်ရယ်။။
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment