ဝေလေလေ
ဘာသံလဲ၊နားထောင်စမ်း?
အော်
အသည်းကွဲတယ်ဆိုပဲ…..
ကျွတ်ကျွတ်ကျွတ်
ဘာသံလဲ၊နားထောင်စမ်း?
အော်
အချစ်ရဲ့ခေါ်သံဆိုပဲ………
ဘာသံလဲ၊နားထောင်စမ်း
အော်မိန်းမလှလေးဆီက
ခုန်ပေါက်ထွက်သွားတဲ့
စမ်းရေစီးသံဆိုပဲ။
ဘာသံလဲ၊နားထောင်စမ်း
အော်အမှန်တရားတွေ
လွတ်ကျသွားတဲ့
စက္ကူခြင်းထိခတ်သံဆိုပဲ။
ဘာသံလဲ၊နားထောင်စမ်း
အော်ဒေါသရဲ့ပုံဆောင်ခဲ
လောဘရဲ့ပုံဆောင်ခဲ
မောဟရဲ့ပုံဆောင်ခဲ
မာနရဲ့ပုံဆောင်ခဲ
လာရောက်ထိမှန်သံဆိုပဲ
ဘာသံလဲ၊နားထောင်စမ်း
အော်
အတ္တသွန်းလောင်းသံဆိုပဲ
အော်ဦးဏှောက်
ဖောက်ထုတ်သံတွေဆိုပဲ
ဘာသံလဲ၊ နားထောင်စမ်း
အော်
ဝေဝေလေတဲ့
ငါကိုယ်တိုင်ဆီကပေါ့၊
နေမုန်း
3 ခု ---- သူတို့အမြင်:
အစ်ကိုက ဝေလေလေ ဆိုလို့ ဝေလေးကိုများခေါ်လားလို့
ဟီးး :P
မိုက်တယ် အစ်ကိုရ...
ကဗျာက
I like it the way you show of ourseleves......:-)
ourselves**
Post a Comment