Monday, July 28, 2008

ကျွန်တော်အလွမ်းတာရှည်ခဲ့ပေါ့။

ကျွန်တော်အလွမ်းတာရှည်ခဲ့ပေါ့။
ပရမ်းပတာနဲ့အလွမ်းတာရှည်ခဲ့ပေါ့
နှင်းတွေလည်းနွေကြေက်လို့ပြေးပြီ
ဆာလောင်တဲ့အိပ်စက်ခြင်းကိုနောက်ဘ၀အတွက်
ချိုင့်နဲ့ထည့်ဆွဲသွားမယ်။
မလိုက်ပဲပြေးတာမတရားတဲ့ကောင်တွေပဲပေါ့။
ဦးဏှောက်ရဲ့တွက်ချက်မှုမှာ
ဘာပဲလုပ်လုပ်ညီမျှခြင်းကိုယ့်ဖက်မှာ
အကျိုးအမြတ်ရဖို့ပဲရှိတယ်။
ချစ်တက်တဲ့နှလုံးသား လွမ်းဖျားဖျား၏
ပျင်းရိစွာစီးကရက်နဲ့မိတ်ဖွဲ့ အတိတ်ဟာ
ငြီးငွေ့စွာပဲကျန်ခဲ့တယ်။
နှမျှောစရာကောင်းလိုက်တာ
မအူမလည်မတင်မကျနဲ့
အသည်းကွဲရမှာလိုလို၊အလွမ်းသည်းရမှာလိုလို
နေ့ရက်တွေမှုန်ဝါးဝါးနဲ့ပေါ့။
ပျော့အီနေတဲ့ဦးဏှောက်ရဲ့
တွက်ချက်မှုကိုနေအပူချိန်က
သွက်လက်မှုမပေးနိုင်တော့ဘူး
အဲ့ဒီလိုပရမ်းပတာတွေနဲ့ပဲ
ကျွန်တော်အလွမ်းတာရှည်ခဲ့ပေါ့။
နေမုန်း(၃၀-၄-၀၇)

1 ခု ---- သူတို့အမြင်:

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ ကဗျာပါဗျာ.. ခေါင်းစဉ်ကိုက ကောင်းနေတာဗျို့

Post a Comment