Monday, July 28, 2008

အထီးကျန်စောင့်မျှော်ခြင်း

အထီးကျန်စောင့်မျှော်ခြင်း
ပြတ်ပြတ်လပ်လပ်နဲ့မတ်တပ်ရပ်နေတဲ့ငါ
အကိုင်းအလက်တွေကတော့ နုတ်ဆက်သွားတဲ့
ရွက်ခြောက်တွေကို အလွမ်းမျက်လုံးနဲ့ငုံကြည်နေရဲ့
လေညှင်းပြင်းပြင်းလေးရဲ့နုတ်ဆက်မှုကိုအရင်လို
ကခုန်လိုမတုန်ပြန်နိုင်တာကို နေမင်းကတော့
အုံတုံတုံလုပ်လို့ဝမ်းနည်းမှုကိုမျှယူနေရဲ့
ပြောင်းလဲမှုရဲ့ဘေးထွက်ဆိုးကျိုးကိုတရားကျရင်း
မိုးတွေကိုမျှော်သူအဖြစ်နဲ့ငါရှိနေတာကို
သူတို့သိဖို့မှာနေရတာ
ငါမောလှပြီ။
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment