Wednesday, July 23, 2008

ခေါင်းစီးမဲ့(၂)

ခေါင်းစီးမဲ့(၂)
ခြောက်သွေ့၊ငြီးငွေ့၊အထီးကျန်

ကဗျာမဆန်။
ပျက်စီး၊ပြိုလဲ၊ဆုံးရှုံး
ရွံ့ကြောက်။
သုံးမရတော့တဲ့ငြိမ်းချမ်းရေးဖွဲ့သံစဉ်တွေဟာလမ်းမမှာပြန့်ကျဲလို့နေခဲ့။
ဥပက္ခောပြုထားတဲ့နေရောင်ဟာပူလောင်မြဲဆက်ပူလောင်နေ။
ရန်သူဟာအကောင်အထည်မဲ့စိတ္တဇနာမ်များသာ။
မျှော်လင့်ချက်တွေဟာ Pandora Box ထဲကထပ်ထွက်မလာတော့ဘူးတဲ့။
ဒါဟာလူငယ်ဘ၀ရဲ့ရင်ခုန်ခြင်းကိုအဆုံးသတ်လိုက်တာတဲ့။
ကူနိုင်ကယ်နိုင်တာဘယ်သူရှိမလဲ။
မဖြစ်နိုင်တော့ပါဘူးလို့အားလျှော့သူတွေကလည်းအားလျှော့။
အကြပ်အတည်းကကိုယ့်ကိုကိုယ်ဘာမှန်းမသိတော့တာလို့ပြောလို့ပြော။
လောကပါလနတ်ကမြန်မာပြည်ကိုပစ်ထားတယ်ပြောလို့ပြော။
Universel code ဆိုတာဗြဟ်စိုလ်တရားလေးပါလို့ပြောလို့ပြော။
အမှန်တရားဆိုတဲ့ဓါးဟာဘယ်သူကိုမှခုတ်ဖို့မဟုတ်ဘူးတဲ့လား။
ဖျတ်ကနဲဖျတ်ကနဲပုံရိပ်ထင်သိမ်းဆည်း ချစ်သူ၏မျက်စောင်းလှလှလေးများ။
အားလုံးကိုထားခဲ့တော့....................................
ယုံကြည်ချက်နဲ့မေတ္တာတရားသာကြီးမားနေရင်
ဘယ်တော့မှမရှုံးဘူးကွ။
နေမုန်း

0 ခု ---- သူတို့အမြင်:

Post a Comment