Wednesday, August 13, 2008
လေးလုံးတစ်ပိုဒ်ကဗျာစပ်နည်းများ
ကဗျာဗန္တသာရကျမ်းမှကောက်နှတ်ချက်
လေးလုံးတစ်ပိုဒ်ကဗျာစပ်နည်းများ
၁။ ၀=အသံမယူသောအက္ခရာ
၂။၁=အသံယူသောအက္ခရာ
၃။%=ကာရံယူသောအက္ခရာ
၎။+=အသံညှိုယူသောအက္ခရာ
(၁) (က)မကျည်းရွက်ထပ်သုံးချက်ညီနပေစပ်နည်း
ဝ ၁ ၁ %
၁ ၁ %
၁ % ၀ ဝ
ဥပမာ
ပြည်ကျော်ရွှေဘုံ၊ပျော်စေတုံလျှက်၊ဆွေစုံမကွာ
(ခ) သုံးချက်ညီစပ်နည်း၊လွှာချင်းသံသုံးချက်ညီ
ဝ ၀ ၀ %
ဝ ၀ % ဝ
ဝ % ၀ ဝ
ဥပမာ
ဗောဓိမဏ္ဍိုင်၊ခန်းဝါပိုင်က၊ချက်ရိုင်ပြည့်စုံ။ Summary
(၂) ၀ ၀ ၀ %
ဝ ၀ % ဝ
% ၀ ၀ ဝ
အညာဆန်းကယ်၊နတ်ရှင်နွယ်လျှင်၊ဆယ့်ခုနှစ်တန်။
သံမြားဆိပ်ကောင်း၊အနာထောင်းလည်း၊ကျောင်းသင်္ခမ်းသာ။
(၃) ရထားပြေးစပ်နည်း၊ရှင်ရဠသာရစပ်နည်း
ဝ ၀ ၀ %
ဝ % ၀ ဝ
အိပ်ခါမပျော်၊စားတော်မမြိန်၊လွမ်းရှိန်မပျော်။
တအောင်းမေ့မေ့၊တသွေ့ယောင်းယောင်း၊တပျောင်းပျပျ၊ဒုက္ခသို့စင်။
(၄) ဦးတိုင်စပ်နည်း
ဝ ၀ ၀ %
% ၀ ၀ ဝ
ဥပမာ
ကုသလွတ်ကြောင်း၊ကောင်းသို့တရား၊ကြားသည့်သတိ။(ဆုတောင်းခန်းပျို့)
ပထမရွယ်၊ငယ်သော်ကတည့်(စတုဓမ္မသာရပျို့)
(၅)
ဝ ၀ ၀ %
ဝ ၀ % ဝ
ဥပမာ
ဆုံးတိုင်ချောမော၊ပြန်လိမ့်သောဟု၊အာမပြုသော်။
(၆) ၀ ၀ % ဝ
ဝ % ၀ ဝ
ချစ်သောဟူသည်၊ချစ်သူတို့မှာ။
သံပေါက်စပ်ဆိုပုံများ
(၁)လေးလုံးစ၊ငါးလုံးချ။နွယ်ပန်းသံ
ဝ ၀ ၀ %
ဝ ၀ %
ဝ % ၀ ၀ ဝ
ဥပမာ
အောင်မြေကြဌန်း၊ဝရွှေနန်း၊ရစ်သန်းသုံးဖြာကျ(သီလဝံသဆို)
(၂)လေးလုံးစ၊ငါးလုံးချ(ဒုတိယနည်း)
ဝ ၀ ၀ %
ဝ ၀ %
% ၀ ၀ ၀ ဝ
ဥပမာ
သမ်းသမ်းကဲးကဲး၊အိပ်ပျော်ခဲး၊မဲးဇလီနှင့်စား။(ဦးအော)
(၃)လေးလုံးစခွန်နှစ်လုံးချ။
ဝ ၀ ၀ %
ဝ ၀ %
ဝ % ၀ ၀ ၀ ၀ ဝ
ဥပမာ
ခခွေးဝဆွဲ၊ယသတ်မြဲး၊မလွှဲးဖတ်ရိုးမည်သို့နည်း။
(၄)လေးလုံးစခွန်နှစ်လုံးချ(ဒုတိယနည်း)
ဝ ၀ ၀ %
ဝ ၀ %
% ၀ ၀ ၀ ၀ ၀ ဝ
ဥပမာ
သုံးဆယ်သုံးသွယ်၊ဗျည်းကကြွယ်၊ဘယ်သူဘယ်ဗျည်းစပ်မည်နည်း။
(၅)မြင်းစိုင်းသံ၊ချိပ်ဆွဲးချလည်းစပ်နည်း(လေးလုံးစခုနှစ်လုံးချ၊တတိယနည်း)
ဝ ၀ ၀ %
ဝ ၀ %
ဝ % ၀ +
ဝ ၀ +
ဥပမာ
အိမ်ရှေ့သခင်၊ရာထွတ်တင်၊ကျွန်းပြင်သောင်းတွင်းဘုန်းနှံ့ချင်း။
(၆)အာဒိယမက-နွယ်ပန်းသံ၊ယမကနွယ်ပန်းသံ(ငါးလုံးစ၊ငါးလုံးချစပ်နည်း)
ဝ ၀ ၀ ၀ %
ဝ ၀ %
ဝ % ၀ ၀ ဝ
ဥပမာ
-နွယ်ပန်း-ပန်းခွာညို၊နှင်းစိုစို၊ပြာသိုဆောင်းလရက်၊ပွင့်ခက်-ခက်လှစံ၊
မြချပ်ရံဝတ်ဆံ-ကြိုင်နံ့မျက်။
(၇)ကျပန်းသံစပ်နည်း(ငါးလုံးစ၊ဆယ်လုံးချစပ်နည်း)
ဝ ၀ ၀ ၀ %
ဝ ၀ %
ဝ % ၀ ၀ +
ဝ ၀ ၀ ၀ +
ဥပမာ
မြင်းစိုင်းမြို့ရွှေနန်း၊သာယာဆန်း။ရစ်သန်းသင်းတွဲပြောင်း၊မြင့်မြတ်တောသာလျောင်း
(၈)ဝဲရိုက်ဝဲသွင်းစပ်နည်း
ဝ ၀ +
+ ၀ ဝ
ဥပမာ
မှတ်တော်ယုံ၊ဘုံသုံးဆက်၊ပျက်ဖြစ်များ၊တရားရှာ၊နာအိုသေ၊နေမလွတ်၊ဝတ်သံသာ
ချာချာရစ်၊နစ်မွန်းဟန်၊ဖန်ဖန်သား၊များလှပြီ။
(၉)ကေစိဝါဒအလို
အတွင်းစာသားလေးလုံးတစ်ပိုဒ်စပ်နည်း(၆)မျိုး
၁။သပ်စေ့နှက်စပ်နည်း=သုံးချက်ညီကိုဆိုလိုသည်။
၂။ဦးတိုက်စပ်နည်း=ပနှစ်ချက်သတ်ပြီးမှတသတ်သည်။
၃။ထိပ်ချင်းချွတ်စပ်နည်း=ပသတ်ပြီးတသတ်သည်။
၎။ထိပ်ချင်းထပ်စပ်နည်း=တသတ်ပြီးမှပသတ်သည်။
၅။ချိန်ခွင်ရှာစပ်နည်း=နသတ်ကိုမနှစ်ဖက်ညှပ်သတ်သည်။
၆။ဘီလူးရယ်စပ်နည်း=သေးသေးတင်စပ်ပြီးနသတ်သည်။
Rest of your post
Subscribe to:
Post Comments (Atom)
1 ခု ---- သူတို့အမြင်:
နေမုန်း ဗဟုသုတ ရတယ်
ကျေးဇူး
Post a Comment