နတ်သမီးညိုလေးသို့
အညိုရောင်တည်ငြိမ်မှုတွေနဲ့ထုဆစ်ထားတဲ့ငါ့ရဲ့နတ်သမီးလေးရေ
တစ်စတစ်စနဲ့(ငါဟာ)မင်းအလှမှာ
တွယ်ငြိမိပေါ့။
ငါ့ရဲ့နတ်သမီးလေးရေ
မင်းရဲ့တောက်ပတဲ့မျက်နက်ဝန်းတစ်ခုကို
ရူးသွပ်တမ်းတမိပေါ့။
င့ါရဲ့နတ်သမီးလေးရေ
ဒီဇင်ဘာနှင်းတွေနဲ့အတူ
မင်းရဲ့အပြုံးက ရင်တစ်ခုလုံးကို
အေးခဲသွားစေရဲ့။
ငါရဲ့နတ်သမီးလေးရေ
ဘယ်တော့များမှဖွင့်ဟခွင့်ရမှာပါလိမ့်။
မင်းကိုငါချစ်တယ်ကွယ်
ငါ့ရဲနတ်သမီးလေးရေ
တည်ငြိမ်တဲ့နှလုံးသားတွေရဲ့
ရင်ခုန်သံဟာ ဖူးစာလို့ပဲ
ဖြစ်ပါစေတော့။
ငါ့ရဲနတ်သမီးလေးရေ
ချစ်ခြင်တရားရဲ့ညို့ငင်မှုမှာ
တို့တွေပျော်ဝင်ကြစို့ရဲ့
ငါ့ရဲနတ်သမီးလေးရေ
မျက်ဝန်းတွေရဲ့ဆက်နွယ်အသိမှတ်ပြုခြင်းကို
ငါယုံကြည်ရင်ခုန်ပါရစေတော့............
နေမုန်း
0 ခု ---- သူတို့အမြင်:
Post a Comment