ငြိမ်သက်နေခဲ့သူ
အထုအထောင်းခံရလွန်းတော့
ငါ့နှလုံးသားက
ညက်ညက်ကြေနေပြီ
အချစ်ကိုကျမ်းကိုမရှိပဲ
ရှာတာမှားတယ်တဲ့လား
ငါမှာသင့်စရာကျိန်စာ
ထပ်ကျန်နေသေးလား။
အချစ်နတ်ဘုရားမလေးရေ........
ဘယ်လောက်ထိချည်နှောင်
ထားဦးမှာလဲ
မင်းရဲ.အောင်မြင်တဲ့အနီရောင်
အပြုံးတွေလွှင့်တင်ပြီး
ဖြတ်နင်းသွားပါတော့
မင်းလွမ်းလောက်စရာမရှိတဲ့ကောင်
ဘယ်တော့မှ
ထိုးကွင်းမထပါဘူး
ကျေနပ်စွာအလံဖြူကိုင်ရင်း
ငြိမ်သက်နေမဲ့သူပါကွယ်....
နေမုန်း
0 ခု ---- သူတို့အမြင်:
Post a Comment