သူငယ်ချင်းသို့
သူငယ်ချင်းရေ............ငါမှာမင်းတို့ကိုလွမ်းလိုက်
ငါကိုမချစ်တောတဲ့ချစ်သူကိုလွမ်းလိုက်
အလွမ်းကိုပြန်လွမ်းလိုက်နဲ့
ဘယ်တော့မှမရိုးနိုင်အောင်ပါပဲ။
မင်းသိလား
ငါနေ နေတဲ့မြို့ငယ်လေးကနတ်သမီးညိုလေးအကြောင်း
ငါ့ ကြယ်ကြွေညရဲ့ဆုတောင်းတွေတစ်ခုမှမပြည်ခဲ့တာတွေ
ငါ့ရဲ့ပျက်ခဲ့တဲ့အိပ်မက်တွေအကြောင်း
ငါတွေးရခက်တဲ့လူတွေအကြောင်း
ငါနားရည်ဝခဲ့တဲ့ဆုံးမစကားတွေအကြောင်း
ငါတိုနှစ်ယောက်မပြောဖြစ်သေးတဲ့paradox အသစ်တွေအကြောင်း
ငါတိုကြည့်ရမဲ့ရုပ်ရှင်ဇတ်လမ်းအသစ်တွေအကြောင်း
ငါတို့ဖတ်ရူလေ့လာရမဲ့web site အသစ်တွေအကြောင်း
ငါအပူတပြင်းပိုက်ဆံရှာနေတဲ့အကြောင်း
ငါကဗျာအတုတွေညှစ်ထုတ်နေတဲ့အကြောင်း
ငါ့ရဲ့ဖန်တရာထေကူးချတဲ့ပုံစံဟောင်းထဲကအနုပညာအဟောင်းအတုတွေအကြောင်း
ငါနားထောင်တဲ့မောင်မောင်ဇော်လတ်ရဲ့သီချင်းတွေအကြောင်း
ငါဖတ်မိတဲ့သစ္စနီရဲ့"မိမိအရေပြားပေါ်တွင်လမ်းရှောက်ထွက်ခြင်း"
ဇော်ဇော်အောင်ရဲ့"အနုပညာမပါတဲ့အနုပညာ"
ကိုငြိမ်းရဲ့"စက်ဘီး" မြတ်သစ်ရဲ့"တနင်္ဂနွေဝိုင်" ................................
ငါတို့အသိုင်းအ၀ိုင်းမှာ HIV+ ဘယ်နှစ်ယောက်ရှိနေပြီလဲ
ငါတို့လောကကိုဘယ်လောက်အလုပ်အကြွေးပြုပြီးလဲ
ဦ၀ိဇာရ၊မာသာထရီဇာ၊မာတင်လူသာ၊ဂန္ဒီ၊ဦနာအောက်၊ဗိုလ်ချုပ်အောင်ဆန်း.........
.............................................................
ဘယ်လိုပဲပြောပြော ငါတို့ဘာမှမလုပ်ခဲ့နိုင်သေးဘူး။
ကို့ကိုယ်ကိုလိပ်ပတ်လည်အောင်ဖြည်ရင်းနဲ့ပဲ
တက်တွေရွက်တွေကျိုးခဲ့ပေါ့
ဝမ်းနည်းစရာပါပဲကွာ
ဘ၀ကိုတောက်တိုမယ်ရလေးတွေလုပ်ရင်း
အချိန်တွေကုန်ခဲ့တယ်။
နေမုန်း
0 ခု ---- သူတို့အမြင်:
Post a Comment