ခုတုံးလုပ်ကြည့်ခြင်း
အချစ်ဆိုတာတခါတရံအတွက်
အယားဖြေစရာတစ်ခုဖြစ်ခဲ့ပါသလား။
မိမိုးရေ..........
ငါဟာဆောက်တည်ရာမဲ့ခဲ့ပေါ့။
ငါ့အတွက်ငါတောင်သေချာမလုပ်နိုင်ခဲ့တာ
အမေအတွက်၊နင့်အတွက်
ညီအကိုတွေအတွက်၊အမတွေညီမတွေအတွက်
စကားတွေပဲအဖတ်တင်ရုံ
ပြောခဲ့နိုင်တာပါကွယ်။
တခါတခါတော့လည်း အနုပညာကို
ခုတုံးလုပ်ငါကိုယ်ငါအထင်ကြီးရဲ့
တခါတခါတော့လည်း ခံစားမှုကို
ခုတုံးလုပ်အိပ်မက်တွေနဲ့မူးခဲ့
တခါတခါတော့လည်းအခွင့်အရေးကို
ခုတုံးလုပ်အတ္တတွေကြီးမိရဲ့
တခါတခါတော့လည်း အချက်အလက်တွေ
ခုတုံးလုပ်နားမလည်သူတွေအပေါ်လူလည်ကျခဲ့။
ချောက်ထဲကျမဲ့လမ်းမှန်းသိရက်နဲ့
နောက်ဆုံးမှလိုက်ရုံနဲ့တော့
အလကားပါပဲ
မိမိုးရယ်
နေမုန်း
Friday, August 1, 2008
Subscribe to:
Post Comments (Atom)
0 ခု ---- သူတို့အမြင်:
Post a Comment